အပိုင်း -၁၅
ဆွမ်းခံသံဃာများမှာ ဘုန်းကြီးမှစ၍ ကိုရင်၊ သီလရှင်များအထိပါသည်။စည်တော်ရွာအပါအဝင် ရွာငါးရွာမှဆရာတော် သံဃာတော်များကိုပင့်လျှောက်ထားသည်။စာရေးတံမဲလက်မှတ်ပူဇော်ခံရသည့်ကျောင်းမှ ဆရာတော်သံဃာတော်များအကုန်လိုက်ကြရ၏။
အိတုံတို့ငယ်စဉ်ကတော့ သံဃာဦးရေ ၇၅ ပါးကိုသာလောင်းလှူနိုင်သည်။ယခုအချိန်မှာတော့ စည်တော်ရွာတွင် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းရှိနေ
သည့်အတွက် ရှမ်းပြည်ဘက်မှပအိုဝ့်
တိုင်းရင်းသားကိုရင်လေးပေါင်းများစွာ ပညာလာသင်ယူကြသဖြင့် စည်တော်ရွာတစ်ရွာတည်းနှင့်ပင် ဘုန်းကြီး၊ကိုရင်၊သီလင်ရှင်ပေါင်း ၇၀ နီးပါးရှိသည်။ထို့ကြောင့် ရွာ ၅ ရွာမှဆွမ်းခံသံဃာစုစုပေါင်း ၁၂၀ ခန့် တောင်ပေါ်ရောက်ရှိနေကြသည်။ဆွမ်းလောင်းလှူမည့်လူတန်းကြီးမှာ ဘုရားကိုပတ်လျက် စီတန်းရပ်နေကြသည်။ဘုန်းကြီးတစ်ပါးစီ၏နောက်တွင်အမျိုးသားတစ်ယောက်စီက တောင်းကိုပိုက်၍လိုက်ကြ၏။နောက်ဆုံးအရောက်မှာမဲနှိုက်ရသည်။မဲပေါက်သည့်ဝတ္ထုငွေပမာဏနှင့် လှူဖွယ်ဝတ္ထုအစုစုကို အဘကြိုင်ကမိုက်နှင့်ကြေညာပေးသည်။
လင်းအိမ် တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးကိုမမြင်ဖူးပေ။သူကိုယ်တိုင်က
အိမ်ထဲမှာသာအနေများသူဖြစ်ပြီး အပြင်ကိုခရီးထွက်ဖြစ်သည်မှာလည်း သိပ်မကြာသေးသည့်အတွက် ဒီရွာ၏ချစ်စရာဓလေ့များက သူ့အတွက်မမေ့နိုင်စရာဖြစ်သည်။တစ်ညနှင့်တစ်နေ့လယ်နီးပါး တောင်ပေါ်မှာအချိန်ကုန်ခဲ့ပြီးနောက်မှာ လူတွေ၊ကားတွေ၊ဆိုင်ကယ်တွေ အလျှိုအလျှိုနှင့်ပြန်ဆင်းကြတော့သည်။ဘုရားပေါ်မှာရပ်လျက် မျက်စိတစ်ဆုံးကိုငေးကြည့်မိ၏။ကျန်သူများအားလုံး ဘုရားကုန်းပေါ်မှ ဆင်းသွားကြပြီ။သူတစ်ယောက်တည်းသာ ရပ်ကျန်နေသည်။ဘုရားပေါ်တွင် ယမန်နေ့ညကလိုပြန်လည်တိတ်ဆိတ်သွားပြီး လေလေးတဖြူးဖြူးတိုက်လာ၏။ဒီအရသာကို သူတော်တော်လေးနှစ်သက်စွဲလန်းမိသည်။
ကာလသားအချို့ တဟေးဟေးတဟားဟားစနောက်လျက် ဆင်းသွားကြသည်မှာ ဆူညံသံများက သူနှင့် တဖြည်းဖြည်း ဝေး၍ဝေး၍သွားပြီ။
BẠN ĐANG ĐỌC
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Lãng mạnဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...