အပိုင်း -၂၅
လင်းအိမ် ချစ်ရသူကောင်မလေးဆီမှပြန်လာကတည်းက ရှေ့ဆက်လုပ်ရမည့်အစီအစဉ်များကို ရေးဆွဲနေခဲ့သည်။သူ့အမှားတစ်ခုကြောင့် ချာတိတ်မက သူ့ကိုငြင်းနေဦးမည်မှာ မလွဲမသွေ
ပင်။သူကတော့ သူမကို တစ်နေ့ထက်တစ်နေ့ပိုပိုတိုးချစ်လာ၍ အကြာကြီးခွဲမနေချင်တော့။အမြန်ဆုံးလက်ထပ်နိုင်ဖို့သာကြိုးစားရမည်။သူ့အတွက် စိတ်ညစ်ညူးစရာအခြေအနေများ ကုန်ဆုံးသွားပြီဖြစ်၍ စာရေးခြင်းမှာလည်း မု ဝင်နေသည်။ညညဆို အတွေးသစ်၊အမြင်သစ်များရပြီး စာမူတော်တော်များများရေးပြီးခဲ့သည်။ဒီတစ်ခေါက်သူရေးနေသည့်ဝတ္ထုအတွက် ရင်းနှီးထားသည်မှာအတော်များ၏။ချင်းပြည်နယ်နှင့်ပုဂံကို ခရီးထွက်ခဲ့သည့်ကုန်ကျစရိတ်ကိုက နည်းနည်းနောနောမဟုတ်ပေ။သို့သော် ဒီဝတ္ထုအတွက်ကုန်ကြမ်းကို စာတွေ့မဟုတ်ဘဲ လက်တွေ့ရယူချင်သည့်အတွက် ကိုယ်တိုင်ခရီးထွက်ခဲ့သည်။ဝတ္ထု၏အဓိကပေးချင်သည့်အကြောင်းအရာမှာ မြန်မာနိုင်ငံထဲတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော ပုဂံနှင့်ချင်းပြည်နယ်အတွင်းရှိ အမျိုးသားဥယျာဉ်ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းသင့်သည့်အကြောင်းကိုအဓိကထားပြီး ကမ္ဘာလှည့်ခရီးသည်များကို ယခုထက်ပိုမိုပြီး ဆွဲဆောင်နိုင်စေရန်၊ ခရီးသွားခြင်းလုပ်ငန်းမှ ဝင်ငွေတိုးပွားနိုင်စေရန် စသည့်အကြောင်းအရာများကို သူ့ကလောင်စွမ်းဖြင့် ဖော်ထုတ်ထားသည်။ထိုအထဲမှ လူငယ်များအကြိုက် အချစ်ဇာတ်လမ်းကိုလည်း ထည့်သွင်းရေးဖွဲ့ထားသည်။ဇာတ်အိမ်ကျယ်ပြန့်သည့်အတွက် သေချာလည်းအချိန်ယူရသည်။
ဝတ္ထုရေးသည့်အထဲ ဈာန်ဝင်သွားပြီဆိုလျှင် ကောင်မလေးဆီကိုဖုန်းမခေါ်ဖြစ်ပေ။ထိုအခါမျိုးဆို သူမကစိတ်ကောက်ချင်သည်။သူ ဖုန်းပြန်ခေါ်လျှင်ချက်ချင်းမကိုင်တော့။ကိုင်ဖြစ်ခဲ့လျှင်လည်း ဘုဘောက်စကားများဆိုသည်။သူနှင့်အသက်အရွယ်ကွာဟလွန်း၍ ဒီကောင်မလေးကိုသာ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့မည်ဆိုလျှင် သူ့ဘက်မှအမြဲလိုလိုအလျော့ပေးရမည်မှာသေချာသလောက်ပင်။သို့ပေမဲ့ သူ မကြောက်ပါ။သူ့မှာ သူမကိုချော့ဖို့အင်အား အလုံအလောက်ရှိပါသည်။မည်သူတစ်ဦးတစ်ယောက်အပေါ်မှစိတ်မရှည်ခဲ့သည်သူ့အဖို့ သူမနှင့်တွေ့မှ စကားကိုအာခေါင်ခြောက်သည်အထိပြောရသည်။အမြုပ်ထွက်မတတ်ချော့ရသည်။
![](https://img.wattpad.com/cover/367106728-288-k121392.jpg)
YOU ARE READING
တိတ်တခိုးပျိုးတဲ့အချစ်(တိတ္တခိုးပ်ိဳးတဲ့အခ်စ္ ) Complete
Romanceဒီကမ္ဘာကြီးထဲမှာ ကိုယ်နဲ့မသိ မမြင်ဖူးတဲ့လူတစ်ယောက်ကို မှန်းဆမျှော်လင့်ပြီးချစ်နေရတာ.... ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့ အချစ်စကားလေးတွေကိုဖတ်နေရတာ..... ကိုယ့်အတွေးထဲမှာ သူ့ကိုပုံသဏ္ဍာန်အမျိုးမျိုးဖော်ကြည့်နေတာ..... ဒီကမာၻႀကီးထဲမွာ ကိုယ္နဲ႔မသိ မျမင္ဖူးတဲ့...