20

1.7K 140 62
                                    

Taehyung ရဲ့ကုတင်ဘေးကခုံလေးမှာပဲ စားပွဲပေါ်လက်ထောက်ကာခေါင်းလေးမှီရင်းအိပ်ပျော်နေတဲ့ Jungkook..

လက်ကလေးတဖက်က Taehyung ရဲ့ ဆေးသွင်းထားတဲ့လက်ကလေးကိုဖွဖွလေးကိုင်လို့ထားသည်..မနက်လင်းအစောကြီး အလုပ်မသွားခင်ဝင်လာခဲ့တဲ့ Hoseok..

အခန်းတံခါးခေါက်မလို့ရှိသေး တံခါးကမှန်​ပေါက်လေးကနေလှမ်းမြင်လိုက်ရတဲ့ သူတို့နှစ်ဦး.. Hoseok တံခါးကိုအသာလေးတွန်းကာအထဲဝင်လာခဲ့ပြီး ကုတင်ဘေးကသူ့ညီနားသွားကာ

Hoseok pov : အဲ့လောက်တောင်ချစ်တာလား ငါ့ညီ

Jungkook တချက်ငိုက်ကျသွားတာကြောင့် နိုးလို့သွားသည်..နိုးသွားတာနဲ့သတ်ိတရ ကုတင်ပေါ်အိပ်နေတဲ့ Taehyung နဖူးလေးကိုစမ်းကြည့်ကာနေများမကောင်းဖြစ်နေမလားလို့ စိုးရိမ်စိတ်ကြောင့်ပင်..ခုထိသူဘေးနားရပ်နေတဲ့အကိုဖြစ်သူကိုသူမတွေ့သေး

" ငါ့ညီ "

"ဟင် ကိုလတ် ဘယ်ချိန်ထဲကရောက်နေတာလည်း "

" မကြာသေးပါဘူး ခဏလောက်လာခဲ့ စကားပြောရအောင် "

Taehyung ရဲ့လက်ကလေးကိုအသာချလို့ ဧည့်သည်ထိုင်တဲ့ဆိုဖာမှာ နှစ်ယောက်သားထိုင်လိုက်ကြသည်

" မင်းကောင်လေးကိုအဲ့လောက်တောင်ချစ်တာလား ငါ့ညီ "

" ဟုတ်တယ် ကိုလတ် ကျွန်တော် Tae ကိုစတွေ့ထဲကချစ်ခဲ့ရတာ "

"ကောင်လေးကရော "

"အဖြေမရသေးပါဘူး "

"ဘယ်လို "

" Tae ကကျွန်တော်အချစ်ကိုလက်မခံသေးဘူး ကိုလတ် "

" သူ့မှာလည်း မင်ကိုလက်မခံနိုင်လောက်တဲ့အကြောင်းရှိမှာပေါ့ ဒါနဲ့ အမေကိုပြောပြထားတာလား အမေကလက်ခံမယ်ထင်နေတာလား ကောင်လေးဆိုတာသိရင် ပြသနာပိုကြီးပြီး ကောင်လေးထိခိုက်မယ်ဆိုတာရောကြိုတွေးဘူးလား "

" ကိုလတ်က "

" ဒါမင်းရွေးချယ်မှု ငါဘာမှပြောစရာမရှိဘူး ပိတ်ပင်လို့လည်းမရဘူး မင်းက ကလေးမှမဟုတ်တော့တာ အချစ်ကအချစ်ပဲလေ.. မင်းသေချာ
စဥ်းစားဖို့တော့လိုမယ် ကြိုတင်ပြင်ဆင်ထားဖို့ကိုပြောချင်တာ လော​လောဆယ် အမေကသိပေ
မယ့်ဘယ်သူဆိုတာမသိဘူး အဖေနဲ့ကိုကြီးကတော့လုံးလုံးမသိဘူး ဘာတွေဖြစ်လာနိုင်လည်းဆိုတာမင်းသိမှာပါ ဒါဆိုငါပြန်တော့မယ် မင်းကအလုပ်မသွားဘူးမဟုတ်လား ငါသွားပြီ "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now