35

2.7K 351 52
                                        


Chapter 35: သူ့အပေါ် လက်တစ်ချောင်းတောင်တင်ရဲရင်တင်ကြည့်လိုက်!
~~~~~~~~~~~

လူမှုရေးပွဲတွေကို သွားတယ်ဆိုတာက တစ်ကိုယ်တည်းသမားတွေရဲ့ ပုံမှန်ရွေးချယ်မှုတစ်ခုပဲ။ ဘယ်သူ့ကိုမှကြည့်နေစရာမလိုသလို ချစ်သူရည်းစားမရှိတာကြောင့် သူတို့ရဲ့ပါတနာတွေ စိတ်ဆိုးပြီး သဝန်တိုမှာတွေကိုလည်း စိတ်ပူစရာမလိုဘူး။  ပွဲအတွင်း ဆက်ဆံရေးတစ်ခုတည်ဆောက်လိုက်လည်း ကိစ္စမရှိ။

ဒီအကြောင်းအရင်းတွေကို လုရွှမ်းနားလည်တယ် ဒါပေမဲ့လည်း စိတ်ဆိုးဒေါသထွက်ရတဲ့ခံစားချက်တွေကနေ သူ့ကိုမတားဆီးနိုင်။

အဖြေကိုလက်ခံရရှိပြီးနှင့်နေတဲ့ လုရွှမ်းအနေနဲ့ ထပ်ကြော့မေးလိုက်ပြန်တယ်၊ အသံမှာဖိနှိပ်ထားရတဲ့ခံစားချက်ပေါင်းများစွာဖြင့် “မင်းတကယ်ပဲ အဲ့လူမှုရေးပွဲကိုသွားမှာလား?”

ဒီတခေါက်တော့ ယဲ့ယောင်ပြန်မဖြေတော့ပဲ လုရွှမ်းကိုတိတ်တဆိတ်ကြည့်လိုက်တယ်။

သူစိတ်ပြောင်းမှာမဟုတ်ဘူး။

"မသွားရဘူး!" လုရွှမ်းမသိစိတ်ကနေ နှုတ်မှလွတ်ခနဲထွက်သွား၏။

ယဲ့ယောင်ဘာမှမပြောတော့ပေမဲ့ လုရွှမ်းကိုဆွဲခေါ်ကာ ရှုထောင့်အနည်းငယ်လှည့်ပေးလိုက်တာကြောင့် ရှောင်ဖန့်နဲ့ဝမ်ခဲက သူတို့ကိုမယုံကြည်နိုင်စွာစိုက်ကြည့်နေကြသည်အား လုရွှမ်းကိုအလွယ်တကူမြင်စေလိုက်သည်။

သူတို့ရဲ့မျက်လုံးတွေကိုကြည့်ရတာ အတော်လေးရှော့ခ်ရသွားသည့်ပုံ။

ယဲ့ယောင်ရဲ့လက်ကောက်ဝတ်ကို လုရွှမ်းဆုပ်ကိုင်ထားသည်အား ရုတ်ခြည်းဖြည်လျော့ပေးလိုက်ပြီး အိပ်ဆောင်ကတခြားအခန်းဖော်နှစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ဆုံလိုက်သည်။

ရှောင်ဖန့်မှာ စကားမပြောပဲမနေနိုင်တော့ “လုကော အဲ့ဒါကအဆိုးကြီးတော့မဟုတ်ပါဘူး၊ ယဲ့ယောင်ကို တကယ်ပဲမသွားစေချင်တာလား? နည်းနည်းလောက်သွားပျော်တာပဲလေ ...... ဘာမှမဖြစ်ဘူးမလား?"

လုရွှမ်းနဲ့ယဲ့ယောင်ကို အတွဲတွေအဖြစ် သူတို့စနောက်ပြီးပြောဆိုနေကြပေမဲ့ တကယ့်တကယ်တမ်းမှာ ယဲ့ယောင်နဲ့လုရွှမ်းက တစ်ယောက်နဲ့တစ်ယောက်အမြဲကပ်နေကြတဲ့ ရင်းနှီးလွန်းသောသူငယ်ချင်းတွေမှန်း သူတို့သိပါသည်။ သူတို့ရဲ့ဆက်ဆံရေးကအရမ်းကောင်းပေမဲ့ နမ်းတာရှုံ့တာတို့လို့ ဟိုလိုလိုဒီလိုလိုပုံစံတွေလည်း လုံးဝမရှိ။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now