29

4K 421 42
                                        


Chapter 29: ယဲ့ယောင်ကသူ့ကိုရှောင်ဖယ်နေတယ်
﹌﹌﹌﹌﹌﹌﹌

ခြေသံတွေကိုကြားတဲ့အခါ အရပ်ရှည်ရှည်ပုံရိပ်ကလှည့်လို့လာသည်။ လူကိုမြင်သည့်နောက် ကျောပိုးအိတ်ကိုကူလွယ်ပေးရန်  ထိုသူကယဲ့ယောင်ဆီ  ခြေလှမ်းကျဲကြီးနဲ့လှမ်းလို့လာသည်။

ယဲ့ယောင်သူ့လက်ကို ဝေ့ယမ်းပြလိုက်ပြီး “မလိုပါဘူး။ စာအုပ်နည်းနည်းလောက်ပဲပါတာ။ ငါ့ဘာသာသယ်နိုင်ပါတယ်ကွ”

ကျောပိုးအိတ်သယ်တဲ့ကိစ္စလိုမျိုးတွေကို ယဲ့ယောင်အား ဘယ်လိုလုပ်ခွင့်ပြုပေးရမှာလဲ? တကယ်လို့ကျောပိုးအိတ်က ယဲ့ယောင်ရဲ့ကျောပြင်ကို ထိခိုက်မိသွားရင်ရော? လုရွှမ်းမှာယဲ့ယောင်ကို ငြင်းဆိုဖို့အခွင့်အရေးမပေးဘဲ ယဲ့ယောင်ရဲ့ကျောပိုးအိတ်ကို တိုက်ရိုက်ပဲဆွဲယူလိုက်သည်။

လုရွှမ်း အိတ်ကိုယဲ့ယောင်နဲ့ဝေးရာ သူ့ရဲ့ပုခုံးတစ်ဖက်ခြမ်းပေါ်တင်လိုက်ပြီး “ အဆင်ပြေခဲ့လား?  အဲ့မိသားစုမင်းကိုအနိုင်ကျင့်လား၊ မင်းကိုကောင်းကောင်းမွန်မွန်ရော စကားပြောရဲ့လား?”

ကိုယ့်ကျောင်းသားကိုရိုက်လာခဲ့သော ယဲ့ယောင်မှာ ကျောပိုးအိတ်ကိုပြန်ဆွဲလုဖို့ ကြိုးစားရင်းခေါင်းခါပြလိုက်သည်။ သူကပြောလာတယ်။ “အဆင်ပြေပါတယ်။ သူတို့အကုန်လုံး  ကောင်းမွန်ပြီးစကားပြောရတာလည်း အဆင်ပြေတယ်။”

"ဒါဆိုကောင်းပြီလေ” မူလကသူ၏နောက်ကျောပေါ်၌ရှိနေသော အိတ်ကိုလုရွှမ်းအရှေ့သို့ထားကာ လွယ်ထားလိုက်ပြီး အဲ့ဒီနောက် သူ့လက်ကိုလည်ပင်းပေါ်တင်လိုက်ကာ ပြဇာတ်ဆန်ဆန်ဟန်ပန်ဖြင့်ပြောလာသည်။ “မင်းငါ့ကိုလမ်းမကြီးပေါ်မှာ ဆွဲလားရမ်းလားနဲ့ ဘာလုပ်တာလဲ? ငါကဖြူစင်တယ်နော်။ မင်းဒီလိုထပ်လုပ်ရင် ငါရဲခေါ်ရလိမ့်မယ်”

ယဲ့ယောင် : "......"

ယဲ့ယောင်သူ့ရဲ့လှုပ်ရှုားမှုတွေကို အမူအရာမဲ့စွာရပ်တန့်လိုက်တယ်။ “လေးနှစ်ကြာ ငါတို့သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့လုကောက မိန်းကလေးတစ်ယောက်ဆိုတာငါမသိခဲ့ပါလား။ တကယ်ကိုရုတ်ခြည်းပြောင်းလဲသွားတာပဲ”

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now