34

7.2K 488 59
                                        

Chapter 34: မင်းသူ့ကို တကယ်ဘဲကာကွယ်ချင်တာလား?

﹌﹌﹌﹌﹌﹌﹌



နောက်တစ်နေ့မနက် ယဲ့ယောင်နိုးလာတဲ့အချိန် ဘေစင်မှာလုရွှမ်းကိုတွေ့လိုက်ရတော့ ထိတ်လန့်သွားခဲ့ရသည်။

လုရွှမ်းက သွားတိုက်နေကာ မျက်ခွံတွေကလည်းကျလျက်။ မျက်နှာတစ်ခုလုံး အတော်လေးချောင်ကျနေကာ ဖရိုဖရဲနဲ့ချောမောတဲ့ယောက်ျားအသွင်ဖြစ်နေသည်။ သူ့ကိုမြင်တော့ လုရွှမ်းပါးစပ်ထဲ အမြှုပ်အပြည့်နဲ့ အတင်းလုပ်ပြုံးပြသည်။

ထိုအပြုံးက အတော်ကိုကြည့်မကောင်းလှ။

"...... မင်းအဆင်ပြေရဲ့လား?" ယဲ့ယောင်စိုးရိမ်စွာမေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး" ပါးစပ်ထဲကအမြှုပ်တွေကို လုရွှမ်းထွေးထုတ်လိုက်ပြီး ယဲ့ယောင်ကိုပြန်ဖြေလိုက်သည်။ “မနေ့ညက ငါဘောလုံးပွဲကြည့်နေတော့ တစ်ညလုံးမအိပ်ရသေးလို့”

အကြောင်းပြချက်က အမှန်လား၊အမှားလား ယဲ့ယောင်မသိဘူး ဒါပေမဲ့ သူထိုအတိုင်းဆက်၍သာပြောလိုက်သည်။ “နေ့ဘက်တွေမှာ မင်းဘောလုံးပွဲကြည့်လို့ရပါတယ် ညဘက်တွေကိုအရမ်းညမနက်စေနဲ့။ မင်းရဲ့ကျန်းမာရေးကိုထိခိုက်လိမ့်မယ်”

လုရွှမ်းက ခေါင်းညိတ်သည်။

လုရွှမ်းကသူ့ရဲ့စကားလုံးတွေကို အာရုံစိုက်ပုံမရ၍ ယဲ့ယောင်မှာ နောက်စာကြောင်းကိုထည့်မပြောပဲ မနေနိုင်လိုက်။ “ညနက်တဲ့အထိနေတာက မင်းကိုရုပ်ဆိုးစေ ...... ထားလိုက်ပါတော့"

ဘာပဲ​ဖြစ်ဖြစ် လုရွှမ်းကအသွင်အပြင်နဲ့ပတ်သက်ပြီး ဂရုစိုက်တာမှမဟုတ်တာ။ ဆိုတော့ သူဘာပြောပြော အသုံးမဝင်ဘူး။

ယဲ့ယောင်ထိုသို့တွေးလို့ပြီးခါနီး လုရွှမ်းရဲ့မျက်လုံးတွေ ပြူးကျယ်သွားတာကို တွေ့လိုက်ရတယ်။ လုရွှမ်းကရေတစ်ငုံသောက်ကာ ပါးစပ်ထဲကျန်နေသေးသောအမြှုပ်တွေကို သန့်ရှင်းလိုက်ပြီး ရေချိုးခန်းထဲကနေ အလျင်အမြန်ထွက်သွားသည်။

ယဲ့ယောင်လည်း ဘာဖြစ်တာလဲကြည့်ဖို့ ရေချိုးခန်းထဲကနေခေါင်းပြူကြည့်လိုက်တော့ လုရွှမ်းကအိပ်ဆောင်ထဲရှိ ကိုယ်လုံးပေါ်မှန်ရှေ့သွားကာ သူ့မျက်နှာကိုစစ်ဆေးကြည့်နေလေရဲ့။ 


ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now