28

3.8K 427 10
                                        

Chapter 28: အပြင်ထွက်ပြီးနေတော့မယ်

❀❀❀❀❀❀❀

ကုတင်နားတဖြည်းဖြည်းကပ်လာသည့် လုရွှမ်းရဲ့ခြေသံတွေကိုကြားရသည့်အချိန် ယဲ့ယောင်ကကုတင်ပေါ်မှာလဲလျောင်းနေခဲ့တာဖြစ်သည်။

ထိုကောင်ကိုဂရုစိုက်ဖို့ ပျင်းလွန်းတာကြောင့် ယဲ့ယောင်သူ့နောက်စေ့ကိုသာ လုရွှမ်းဘက်လှည့်ထားလိုက်သည်။

သူ့နောက်ကျောပေါ်ကစောင်ကို လုရွှမ်းကဆွဲဆန့်၍ညီညီညာညာပြန့်အောင်လုပ်ပြီး သူ့ကိုကူ၍ပတ်ခြုံပေးလာတယ်။

"စိတ်မဆိုးနဲ့တော့၊ မင်းကိုအလျော်ပေးတဲ့အနေနဲ့ မနက်ဖြန်ပြတိုက်သွားကြရအောင်လေ?"  လုရွှမ်းကပြောသည်။ "ငါလည်းစိတ်ဆိုးတယ်၊ နောက်တစ်ခေါက်ကျ ငါပိုပြီးဂရုစိုက်လိုက်ပါ့မယ်"

ယဲ့ယောင်တကယ်တော့ လုရွှမ်းကသူ့ကိုအသံနိမ့်နိမ့်နဲ့ တောင်းပန်လာလိမ့်မယ်လို့မထင်ခဲ့ဘူး။ တကယ်တော့သူကသာ လုရွှမ်းရဲ့အရွယ်အစားကို အပ်တစ်ချောင်းအဖြစ် အရင်စနောက်ခဲ့တာဖြစ်ပြီး လုရွှမ်းကပြန်လည်ချေပတိုက်ခိုက်ခဲ့ရုံပင်။ ဒါကသူငယ်ချင်းတွေကြားက တကယ့်ကိုပုံမှန်တုံ့ပြန်မှုပဲလေ ပြီးတော့သူက တကယ်စိတ်ဆိုးရမယ့်အစား အိပ်ရာထဲမှာ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့တယ်။

လုရွှမ်းပြောလိုက်တဲ့စကားကိုပဲ ယဲ့ယောင်အာရုံပြောင်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ "မနက်ဖြန်ဘာလို့အပြင်ထွက်ဦးမှာလဲ?"

ဒီနေ့သူလုရွှမ်းနဲ့ တစ်နေ့တာလုံးကို အတူကုန်ဆုံးပြီးပြီ၊ ဒါလုံလောက်ပြီပေါ့။

"မင်းအပြင်မသွားချင်ဘူးလား? ဒါဆိုစာကြည့်တိုက်ကို မင်းနဲ့အတူစာဖတ်ဖို့သွားမယ်လေ?" လုရွှမ်းကထပ်ပြောလာသည်။

"မနက်ဖြန်မှထပ်ပြောကြမယ်"  ယဲ့ယောင်ကဝိုးတိုးဝါးတားပြောသည်။ "ငါမစဉ်းစားရသေးဘူး"

ထိုစကားဝိုင်းက ထိုသို့အဆုံးသတ်သွားခဲ့သည်။ ဒီညအတော်လေးတိတ်ဆိတ်နေတယ်လို့ ယဲ့ယောင်တွေးခဲ့ပေမယ့် တစ်စုံတစ်ယောက်ကကုတင်ပေါ် တွားသွားတက်လာသလို ကုတင်ကအနည်းငယ်လှုပ်ခါသွားလိမ့်မယ်လို့ မထင်ထားခဲ့။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now