Chapter 33: ဒါကသူ့ရဲ့ကမ္ဘာတစ်ခုလုံး ပြိုကျပျက်စီးသွားတာပဲဖြစ်လိမ့်မည်
﹌﹌﹌﹌﹌﹌﹌
သူနဲ့ယဲ့ယောင်ကြားအကွာအဝေးမှာ အလွန်ကွာဝေးလွန်းလှသည်၊ ထိုသူ့ရဲ့အသံအနေအထားကလည်း ခိုင်မာပြတ်သားလှ၏။ ကုတင်ခေါင်းရင်းကလက်ရန်းကို ဆုပ်ကိုင်ထားရင်းဖြင့် လုရွှမ်းကုတင်ပေါ် ကိုယ်တစ်ဝက်ထထိုင်လိုက်တော့ လက်ဖမိုးပေါ်ရှိ သွေးကြောပြာပြာတွေက ထင်းထွက်လာကြသည်။
မဖြစ်သင့်တဲ့စိတ်ကူးတွေကို စွန့်လွှတ်ဆိုတာဘာအဓိပ္ပာယ်လဲ?
သူ့နဲ့ဝေးကွာနေတဲ့ယဲ့ယောင်ကို သူ့ရင်ခွင်ထဲပြန်ဆွဲသွင်းပြီး အရာအားလုံးကို ယခင်ကအတိုင်းပြန်ဖြစ်စေရန် သူ့ရဲ့အာရုံကြောတိုင်းက ပွက်ပွက်ညံအောင်တောင်းဆိုနေတယ်။
ဒါပေမဲ့ အခုတော့သူအဲ့လို မလုပ်နိုင်သေးဘူး။
"လာအိပ်တော့" လုရွှမ်းရဲ့အသံမှာ နက်ရှိုင်းဩရှနေလျက်။
ယဲ့ယောင်ဘာတစ်ခွန်းမှမဟဘဲ လုရွှမ်းကိုသာ တိတ်တဆိတ်ကြည့်နေသည်။
အသက်နှစ်ချက်လောက် ရှိုက်သွင်းပြီး လုရွှမ်းသူ့အသံကိုထိန်းချုပ်လိုက်သည်။ “ငါဘာမှမလုပ်ပါဘူး၊ မင်းမြင်တာပဲလေ။၊ ငါတို့အိပ်ရာခွဲအိပ်ကတည်းက ငါတို့ဒီလိုပဲအိပ်ခဲ့ကြတာ။ ပြီးတော့ငါမင်းကို နှောက်လည်းမနှောက်ယှက်ခဲ့ဘူးလေ”
ယဲ့ယောင်နှုတ်ခမ်းတွေကို တင်းတင်းဖိလိုက်ပြီး ကုတင်အောက်ငုံ့ကြည့်ကာ အိပ်ဆောင်ထဲရှိတခြားအခန်းဖော်တွေကို တစ်ချက်ကြည့်လိုက်သည်။
ရှောင်ဖန့်နဲ့ဝမ်ခဲကတကယ်တော့ အိပ်ဆောင်၌ရှိနေကြပေမဲ့ နားကြပ်တွေကိုယ်စီတပ်ထားကြပြီး ဂိမ်းကစားနေကြသည်။ ရံဖန်ရံခါလိုင်းအကြောင်းပြောဆိုနေကြပြီး အတော်လေးအာရုံစိုက်နေကြသည့်ပုံ။
ပြန်စဉ်းစားကြည့်တော့မှဘဲ သူပိတ်ရက်တွေအပြင်မှာနေပြီးနောက် အိပ်ဆောင်ကိုပြန်လာတိုင်း ရှောင်ဖန့်နဲ့ဝမ်ခဲရဲ့ နားကြပ်တပ်တဲ့အကြိမ်ရေက သိသာထင်ရှားစွာတိုးလာသည်။ မကြားသင့်တဲ့ထိတ်လန့်စရာ လျှို့ဝှက်သတင်းတွေကိုကြားသိလိုက်ရမှာ ကြောက်ရွံ့ကြသည့်နှယ်။
YOU ARE READING
ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽
RomanceStart date _ 15/3/2023 End date - Thanks(≧▽≦)
