36

1.6K 310 37
                                        


Chapter 36: ငါမင်းကို အခုကစပြီး လိုက်တော့မှာ!
~~~~~~~~~~~~~~~

ထိုအခိုက်အတန့်၌ ယဲ့ယောင်မှာ သူထင်ယောင်ထင်မှားဖြစ်နေတယ်လို့တောင် သံသယဖြစ်မိသွား၏။

ယန်ရှင်းရဲ့ရန်စမှုကိုကြားပြီးနောက် သူဒေါသထွက်သွားပြီး လုရွှမ်းကရောက်လာကာ ယန်ရှင်းရဲ့မျက်နှာကိုထိုးလိုက်တယ်လို့ သူစိတ်ကူးယဉ်မိသွားတာကြောင့်များလား?

ယဲ့ယောင်ထိုင်ခုံပေါ်ကနေ ခေါင်းလှည့်၍ သူ့အနောက်ရှိလူကိုလှည့်ကြည့်လိုက်တယ်။ ကပွဲခန်းမရဲ့ကြည်လင်ပြတ်သားခြင်းမရှိသော အလင်းရောင်ဝန်းကျင်အောက်၌ လုရွှမ်းရဲ့သုံးဖက်မြင်ရှုထောင့်နှင့် ချောမွေ့စွာပေါ်လွင်နေသော အသွင်အပြင်တို့က အလွန်ကိုမှမှတ်မိနေနိုင်ဆဲဖြစ်ပြီး သူ့ရဲ့ဖြောင့်မတ်တည်ကြည်သော ကိုယ်ဟန်အနေအထား အချိတ်အဆက်က သူ့ကိုချက်ချင်းပင်ချောမာသွားစေ၏။

ယဲ့ယောင်နဲ့လုရွှမ်း တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီး သုန်မှုန်နေတဲ့မျက်နှာထားနဲ့လုရွှမ်းက သူ့ကိုပြုံးပြကာ ထို့နောက် သူ့ကို မဖက်ထားတဲ့လက်နဲ့ အားထည့်ပြီး ယဲ့ယောင်ထိုင်နေတဲ့ထိုင်ခုံကို အနောက်သို့ဆွဲလိုက်ရာ မူလကသူ့ဘေး၌ထိုင်နေတဲ့ယန်ရှင်းနဲ့ သူနဲ့ကြားကအကွာအဝေးကို ကွာဟသွားစေသည်။

ယဲ့ယောင်ကိုလုရွှမ်း လွှတ်ပေးလိုက်ပြီး အရှေ့ကိုခြေလှမ်းလိုက်ကာ ယဲ့ယောင်ရှေ့ရပ်လိုက်သည်။

ယဲ့ယောင် အသိအာရုံတွေပြန်ရလာပြီး အံဩတကြီးဆိုလိုက်သည်။ “မင်းဘာလို့ ဒီကိုရောက်နေတာလဲ?”

ယန်ရှင်းနဲ့မျက်နှာချင်းဆိုင်၍  လုရွှမ်းကလှောင်ပြောင်သရော်လိုက်သည်။ “ဒီမှာမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ တစ်စုံတယောက်ရှိနေတာကို သေချာပေါက်ငါလာရမှာပေါ့”

လုရွှမ်းက မတ်တပ်ရပ်နေတဲ့လူတွေကိုတောင် ဖိနှိပ်ချုပ်ချယ်ရန် လုံလောက်အောင်အရပ်ရှည်သည်။ ထိုင်နေတဲ့သူတွေကိုဆို ပြောစရာတောင်မလိုတော့။

"ဟက် မကောင်းတဲ့ရည်ရွယ်ချက်?” ယန်ရှင်းကအေးစက်စွာရယ်မောလိုက်ပြီး ထိုင်နေရာမှထကာ လုရွှမ်းနဲ့မျက်နှာချင်းဆိုင်လိုက်ပြီး အရင်ကလို ရွှင်မြူးနေတဲ့စကားလုံးတွေ မပါဝင်တော့ပဲ “ဒီအခေါက်နဲ့ဆို သူနဲ့ငါ့ရဲ့စကားဝိုင်းကို နှောင့်ယှက်တာ သုံးကြိမ်မြောက်ရှိပြီနော်၊ အတန်းဖော်လု”

You've reached the end of published parts.

⏰ Last updated: Dec 01 ⏰

Add this story to your Library to get notified about new parts!

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now