30

4.3K 496 57
                                        

Chapter 30: သိပ်ကောင်းတယ်၊ ယဲ့ယောင်ကယောက်ျားတွေကိုပဲကြိုက်တာတဲ့!

﹌﹌﹌﹌﹌﹌﹌


ယဲ့ယောင်မှာလည်း သူပြောင်းရွှေ့ပြီးသိပ်မကြာ သူ့ကျောင်းသားက ချက်ချင်းရောက်လာပြီး ယောင်ချာချာလာလုပ်နေမယ်လို့မထင်ထားခဲ့ချေ။ ထိုကောင်စုတ်လေးပြောတာက စာလုပ်ရမယ့်အချိန် မိနစ်တိုင်းစက္ကန့်တိုင်းက သိပ်ကိုတန်ဖိုးရှိပြီး သူတို့မဖြုန်းတီးသင့်ဘူးဆိုပဲ။

သူ့ရဲ့သင်ယူချင်တဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပင်၊ သို့ပေမဲ့ အခုကအရမ်းနောက်ကျနေပြီ။ ယဲ့ယောင်မှာ အခြေခံအကြောင်းအရာတစ်ချို့ကို ရှင်းပြလိုက်ပြီး ဝမ်ရွှယ်ကို မေးခွန်းတစ်ချို့အိမ်စာပေးလိုက်ပြီး ဒီနေ့ရဲ့အတန်းကိုအဆုံးသတ်လိုက်၏။

တံခါးနားရောက်သည်ထိတိုင် ဝမ်ရွှယ်မှာထွက်သွားဖို့ကို ပုန်ကန်နေဆဲ။ သူကနံရံကို လက်တစ်ဖက်နဲ့ထောက်မှီထားပြီး နောက်တစ်ဖက်က စာအုပ်တွေကိုကိုင်ထားကာ အသက်ရှူသွင်းရင်းဖြင့် သူ့ရင်ဘတ်ကိုမောက်တက်လာစေကာ သူ့အဝတ်တွေအောက်က ဝမ်းဗိုက်ကြွက်သားတွေရဲ့ကောက်ကြောင်းကို ယဲ့ယောင်မြင်အောင်ခွင့်ပြုထားသည့်အတိုင်း သူ့ကြွက်သားတွေကို ရုတ်တရတ်ထွက်ပေါ်လာအောင် ကြိုးစားနေ၏။

ဒီလိုအသက်မပြည့်သေးတဲ့ကျောင်းသားတစ်ယောက်ရဲ့ စနောက်ကျီစယ်မှုက ယဲ့ယောင်ကိုနှလုံးရပ်အောင်လုပ်လို့နေတယ်။ “ဒီည ငါမင်းအတွက်ရေးပေးထားတဲ့ သင်ခန်းစာတွေကိုကျက်ရမယ်။ ဒီမှာပဲမင်းရဲ့အချိန်တွေကိုဖြုန်းပြီး ပြီးအောင်ကျက်နိုင်မယ်လို့ထင်ရင် ငါလက်ဖက်ရည်ဖျော်ပြီး နောက်ထပ်နာရီဝက်လောက် မင်းရဲ့စွမ်းဆောင်ရည်တွေကို ကြည့်ပေးနိုင်တယ်”

ဝမ်ရွှယ် : "......"

ဒီကျူရှင်ဆရာလှလှလေးက တကယ်ကိုအကြင်နာတရားမဲ့တာပဲ။ ဘယ်လိုဖြစ်လို့ သူ့ရဲ့မြှူဆွယ်တာတွေက လုံးဝမသက်ရောက်ရတာလဲ!

ဝမ်ရွှယ်က စိတ်ဓာတ်ကျနေတဲ့အမူအရာနဲ့ ဓာတ်လှေကားထဲဝင်ရောက်သွားခဲ့တယ်။ ဓာတ်လှေကားတံခါးပိတ်ပြီး နံပါတ်တွေစ၍ခုန်ဆင်းသွားတာကို ကြည့်ပြီးနောက်ယဲ့ယောင်လည်း လှည့်ကာအခန်းထဲသို့ပြန်လာလိုက်သည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now