32

4.8K 503 30
                                        


Chapter 32: စိတ်ကူးယဉ်နေတာတွေ လက်လျှော့လိုက်တော့
﹌﹌﹌﹌﹌﹌﹌



ယဲ့ယောင်ကိုယ့်အခန်းကိုယ်ပြန်လာပြီး ထိုင်ချကာကိုယ့်အတွက် ကိုယ် လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သည်။

လက်ဖက်ရည်ရဲ့မွှေးရနံ့ကို ယဲ့ယောင်ရှူရှိုက်ရင်း စိတ်ဓာတ်တွေအားလျော့နေပေမယ့် အတော်လေးထူးဆန်းတဲ့ခံစားချက်ကို ဖြည်းဖြည်းချင်းရှင်းထုတ်နေလိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်း လုရွှမ်းထွက်သွားခဲ့တယ်။ သူနဲ့လုရွှမ်းက နှစ်တွေအကြာကြီးသူငယ်ချင်းဖြစ်ခဲ့တာ။ သူတို့ရဲ့ဆက်ဆံရေးက ဒီနေရာမှာဘဲပြီးဆုံးသွားတာ ဖြစ်နိုင်လောက်မှန်းသူသိခဲ့တယ်။ အဲ့အတွက်သူလုံးဝ ဝမ်းမနည်းပါဘူးလို့ပြောဖို့က မဖြစ်နိုင်တဲ့အရာ။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဖုန်မှုန့်၊မြေမှုန့်တွေအားလုံး နောက်ဆုံးတော့အနည်ကျသွားသလို စိတ်သက်သာရာရတဲ့ခံစားချက်တချို့လည်းရှိနေခဲ့သည်။

လုရွှမ်းနဲ့ဝေးရာမှာနေဖို့ နည်းလမ်းများကို သူ့ဦးနှောက်ကဆွဲဆန့်ပြီး စဉ်းစားနေစရာမလိုတော့၊ ဘယ်တော့ခြေလှမ်းမှားပြီး အောက်ပြုတ်ကျမလဲလို့ အမြဲတမ်းစိုးရိမ်ပူပန်နေရပြီး အရှေ့ကိုဂရုတစိုက်ရွေ့ကာ ကြိုးတန်းပေါ်ဟန်ချက်ညီအောင် ထိန်းနေစရာလည်းမလိုတော့ချေ။

အဲ့ဒါကတက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာမေးပွဲအခန်းထဲမဝင်ရခင်  မဖြေရှင်းနိုင်တဲ့ပုစ္ဆာနဲ့တွေ့တဲ့အခါ သူ့ကိုယ်သူမကြောက်ရွံ့ဖို့ ပြောခဲ့သလိုမျိုးဘဲ။ သူ့ရဲ့စာလေ့လာမှုကို အကောင်းဆုံးကြိုးစားခဲ့တာကြောင့် ကျရှုံးသွားခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး အရမ်းစိတ်ဓာတ်ကျသွားဖို့ မလိုအပ်ဘူးလို့ပေါ့။

အခုတော့ သူတို့ရဲ့ဆက်ဆံရေးကိုကာကွယ်စောင့်ရှောက်ဖို့ သူအကောင်းဆုံးကြိုးစားရင်တောင် သူနဲ့လုရွှမ်းကြားက အရာအားလုံးကပြီးဆုံးသွားခဲ့ပြီ။

ယဲ့ယောင် လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့ချလိုက်သည်။

သူအိပ်ချင်တယ်၊ မနက်ဖြန် သူနိုးလာခဲ့ရင် နေ့သစ်တစ်ရက်ဖြစ်နေမှာဖြစ်ပြီး နေမင်းကလည်းထုံးစံအတိုင်း ပေါ်ထွက်လာဦးမှာပင်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now