31

5.3K 507 71
                                        


Chapter 31: ဒေါသနှင့်ရှက်သွေးဖြာ
﹌﹌﹌﹌﹌﹌﹌


လုရွှမ်းမျက်နှာပေါ်က အပြုံးကိုကြည့်ရင်းဖြင့် ယဲ့ယောင်အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

...... လုရွှမ်းဒေါသထွက်နေရင်းကနေ ရယ်နေတာလား? ဒါမှမဟုတ် သူ့အပြုအမူတွေကို ထိန်းချုပ်ဖို့စွမ်းရည်တွေများ ဆုံးရှုံးသွားတာလား?

သူသေသေချာချာ မကြားလိုက်ရလို့ပဲဖြစ်မယ်။

"မင်းနားကြားမှားသွားတာလား?” ယဲ့ယောင်မှာ ရက်စက်ဖို့ဆုံးဖြတ်လိုက်ပြီး ထပ်ပြောလိုက်တယ်။ “ငါယောက်ျားလေးတွေကိုကြိုက်တယ်။”

"ငါကြားတယ်၊ ငါကြားပါတယ်၊ မင်းယောက်ျားတွေကိုကြိုက် -" လုရွှမ်း ရုတ်တရတ်ရပ်သွားပြီး သူ့မျက်လုံးတွေက အနည်းငယ်ကျယ်သွားသည်။ “မင်းယောက်ျားတွေကိုကြိုက်တာ!”

ထိုအခိုက်အတန့်၌ ထိုစာကြောင်းရဲ့နောက်ကွယ်က အဓိပ္ပါယ်ကိုလုရွှမ်းနောက်ဆုံးတော့  သဘောပေါက်သွားတော့၏။

လုရွှမ်းရဲ့လက်က မသိစိတ်အရတင်းကြပ်သွားပြီး သူ့လက်ဖဝါးထဲရှိနေဆဲဖြစ်တဲ့ ယဲ့ယောင်ရဲ့လက်ကို ဖမ်းဆုပ်လိုက်မိသည်။

ယဲ့ယောင်လက်ကိုဆွဲထုတ်ဖို့ ကြိုးစားလိုက်တယ်။ သူလှုပ်လှုပ်ရှားရှားဖြစ်သွားတာကို ခံစားလိုက်ရ၍ထင် လုရွှမ်းကသတိပြုမိသွားပုံရပြီး သူ့ရဲ့ဆွဲဆုပ်ကိုင်ထားတဲ့ခွန်အားကို ဖြေလျှော့ပေးလာသည်။ သို့ပေမဲ့ လွှတ်တော့မလွှတ်ပေးချေ၊ ယဲ့ယောင်လက်ကို လွယ်လွယ်နဲ့ဆွဲထုတ်ခွင့်မပေး။

"မင်းအရင်ကပြောဖူးတယ်လေ၊ ဂေးကောင်တွေနဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့ရရင် လက်ဖျားလေးနဲ့ထိရရင်တောင်မှ မင်းကိုဖျားနာစေတယ်ဆို”  ယဲ့ယောင်ကပြောသည်။

"ငါ ......" လုရွှမ်းမှာ စကားတစ်ခွန်းပြောဖို့ခက်ခက်ခဲခဲလုံးပန်းနေရသည်။ သူ့လက်ဖဝါးကအပူချိန်မှာ စကျလာပေမဲ့ ယဲ့ယောင်ရဲ့လက်ကိုတော့ ဇွတ်တရွတ်ကိုင်ထားဆဲ။

"ငါ့ကိုစိတ်အေးအေးထားဖို့ အချိန်ခဏပေး” လုရွှမ်းဗလုံးဗထွေးပြောလိုက်တယ်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now