Unicode
Taehyung ကနေမကောင်းဖြစ်ထားတာမို့ ဒီနေ့လည်း Jeon Henry အလုပ်မသွားချင်ဖြစ်နေသည်။ သို့ပင်မဲ့ အရေးကြီးသည့်အစည်းအဝေးရှိသည်မို့ မသွားမဖြစ်။ စိတ်မောနေရတာ။
ရေချိုးခန်းထဲနေ Taehyung က ခြေလက်မျက်နှာသစ်ကာ ထွက်လာတော့ Jeon Henry က ရုံးသွားဖို့အဝတ်အစားလဲပြီးနေပြီ။
"ကိုယ်ချက်ချင်းစောစောပြန်လာခဲ့မယ်...တစ်ခုခုစားချင်တာရှိရင် ကိုယ့်ကို စာပို့ထားလိုက်နော်..."
"ငါ သက်သာနေပါပြီ Jeon Henry..အရေးကြီးကိစ္စရှိတာကို စိတ်ဖြောင့်ဖြောင့်သွားပါ..."
Taehyung ကအလုပ်ထွက်လိုက်တာဖြစ်ပြီး Jeon Henry စိတ်တိုင်းကျအတိုင်း သူ့ကုမ္ပဏီမှာအလုပ်ဝင်ဖို့ တွေးထားပင်မဲ့ နေမကောင်းဖြစ်ထားတာမို့ Jeon Henry က ဘယ်မှမသွားစေသလို သူလည်းမသွားတာများသည်။ အခုက မဖြစ်မနေမို့ သွားရမှန်းသိသာသည်။
"ပြီးရင် ငါ့ကို ဖုန်းဆက်လိုက်လေ Jeon Henry..."
"ကိုယ်မသွားချင်နေတာ...မဖြစ်သာလို့...မင်းသိတယ် ကိုယ်မင်းနားမှာဘဲ အလုပ်လုပ်တာ..."
"စောင့်နေမယ်..."
သူ့ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ရင်း Taehyung ကပြောတော့..သူ့လက်နှစ်ဖက်က ခါးပေါ်သို့ နေရာယူလာသည်။ ပြုံးလိုက်မိရင်း သူ့ကိုမှီတွယ်လိုက်ကာ လည်ပင်းကို သိုင်းဖက်လိုက်သည်။
"ကိုယ့်ကိုလွမ်းနေမှာလား..."
"ငါက ဘာကိစ္စမင်းကိုလွမ်းရမှာလဲ Jeon Henry"
"မင်းဘဲကိုယ့်ကို ချစ်တယ်ဆို...အဲ့လိုဆို လွမ်းရမှာပေါ့...လွမ်းမယ်မလား.."
"မလွမ်းပါဘူး..."
"ကိုယ့်ကိုမလွမ်းရင်း မင်းသေးပေါက်ရင် သေးမထွက်ပါစေနဲ့ Jeon Baba"
"Jeon Henry...သွား...မင်းသွားတော့...မလွမ်းဘူး..မထွက်လည်းဂရုမစိုက်ဘူးကွာ..."
Taehyung က ဆတ်ဆတ်ထိမခံလေးဖြစ်ပြတော့ Jeon Henry က ဖက်ထားရင်းမှ ရယ်လာသည်။ ဒါသက်သက်မဲ့ မသွားခင်ကို စနောက်လိုက်သေးတာ။ ဘယ်လောက်တောင်မုန်းစရာကောင်းလိုက်သလဲ Jeon Henry တို့များ။