အခန်း (၂)

152 9 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၂) ကြီးမြတ်သော အင်မော်တယ် ပြန်လည်မွေးဖွားခြင်း

ထိုစကားကိုကြားလိုက်သည့်အချိန်တွင် ဖန်းဝမ်သည် သူ့ညာလက်သီးကို အင်္ကျီလက်ထဲတွင် တင်းတင်း ဆုပ်ကိုင်ထားလိုက်မိသည်။

ငါက တကယ်ပဲ ဖန်းမိသားစုထဲမှာ လူမသိသူမသိတစ်ယောက် ဖြစ်နေခဲ့တာလား ။

ကောင်းပြီလေ၊ ငါဝန်ခံပါတယ်၊ ငါက မိသားစုထဲမှာ ၁၆နှစ်လုံးလုံး သိုသိုသိပ်သိပ်ပဲနေနေခဲ့တာဆိုတော့........ ဖန်းမိသားစုလိုမျိုး ပါရမီရှင်တွေ၊ ကျွမ်းကျင်သူတွေ ပုံအော်နေပြီး အစွမ်းထက်တဲ့ ငါ့အကိုတွေထက်စာရင် ငါ့ကို လူမသိကြတာသိပ်မဆန်းပါဘူး .....

ဖန်းဝမ်ကပြောလိုက်သည်။

“ ငါက ဖန်းဝမ်... ငါ့အဖေက ဖန်းယင် “

ကျိုးရွယ်၏ မျက်လုံးများကျဉ်းမြောင်းသွားခဲ့ပြီး အေးစက်စွာဖြင့်မေးလာခဲ့သည်။

“ ရှင်ဒီနေရာကိုရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ “

“ ငါကြားတာတော့ မင်းက ငါ့ဦးလေးတွေဆီကို သွားပြီးတော့ ဖန်းမိသားစု မျိုးတုန်းသတ်ခံရတော့မယ်လို့ လျှောက်ပြောနေခဲ့တယ်ဆို၊ ငါဒီကိစ္စကိုစုံစမ်းချင်လို့ လာခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကအ‌ရေးကြီးတယ်ဆိုပေမယ့်လို့ မင်းလျှောက်ပြောနေတဲ့စကားတွေကိုတော့ အပြည့်အဝတော့ ငါမယုံကြည်နိုင်သေးဘူး “

ဖန်းဝမ်သည် သူမ၏မေးခွန်းကို ပြန်မဖြေသေးဘဲ စကားလမ်းကြောင်းကိုသာ မိသားစု ၏ကိစ္စသို့ ဦးစားပေးပြောလိုက်သည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now