အခန်း (၁၂)

94 8 0
                                    


အခန်း (၁၂) ကျင့်ကြံခြင်း ကျင့်စဉ် သုံးခု (၂)

ဖန်းဝမ်မှ သူ၏အဘိုးအဘွားများအား အရိုအသေပြုရန် အရှေ့သို့ ခြေလှမ်းသွားချိန်တွင် ခန်းမထဲ၌ ဖန်းမန် နှင့် အမျိုးသမီးအိုကြီးတို့သာ ကျန်ရစ်နေခဲ့တော့သည်။

“မင်း အင်မော်တယ် နိယာမတွေကို ဘယ်ကနေသင်ခဲ့တာလဲ?”

ဖန်းမန်သည် ကြင်နာကာ သိမ်မွေ့သော မျက်နှာထားဖြင့် မေးခဲ့သည်။

“အဘိုး၊ ကျွန်တော့်ကို သင်ကြားပေးခဲ့တဲ့သူက  ကျိုးရွှယ်ပါ ၊ သူမကို စီနီယာ ကျင့်ကြံသူတစ်ဦးက တိတ်တဆိတ်သင်ကြားပြီး လမ်းညွှန်မှုတွေ ရှိနေပါတယ်၊ အစောပိုင်းတုန်းက သူမက သူမရဲ့ဆရာသခင်ဆီကတဆင့်  ဖန်းမိသားစုစံအိမ်ဟာ ဖျက်ဆီးမှု အန္တရာယ်အောက်ရောက်နေတယ်လို့ပြောတာကို ကျွန်တော် ကြားခဲ့မိတယ်၊

အဲ့တာနဲ့ သူမကို ရှာခဲ့ပြီး သူမကပဲ ကျွန့်တော်ကို ဓားထိန်းချုပ်ခြင်းကျင့်စဉ်ကို သင်ကြားပေးခဲ့တယ်။ ဒါကြောင့်ပဲ သူမပြောခဲ့တာတွေ မှန်ရမယ်လို့ ယုံကြည်သွားခဲ့တာပါ”

ပါရမီရှင်တစ်ဦး၏ပုံရိပ်အား တည်ဆောက်ပြီးဖြစ်သောကြောင့် သူသည် ထိုပုံရိပ်အား ပို၍ပင် တည်မြဲရန် လုပ်ဆောင်ရပေမည်။ ရှင်းပြရန်မှာ အကောင်းဆုံးပင်ဖြစ်သည်!

ဖန်းမန်သည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး  သူ၏ ကြိမ်တုတ်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ သူသည် စိတ်လှုပ်ရှားနေမှုကို မထိန်းချုပ်နိုင်တော့ဘဲ မေးခဲ့လေသည်။

“သူက ဖန်းမိသားစုစံအိမ်က ပျက်စီးခြင်း အန္တရာယ်ထဲကျရောက်နေပြီလို့ပြောခဲ့တာ ခုနစ်ရက်ပဲရှိသေးတယ်၊ မင်းက ဒီကိစ္စကို အရင်ကတည်းက သိနေခဲ့တာလား၊ ဒါမှမဟုတ် ခုနစ်ရက်တည်းပဲ လေ့ကျင့်ထားရသေးတာလားကွ?”

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now