အခန်း (၂၁)

70 4 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၂၁) သဘောမတူခြင်း (၁)

လွင်ပြင်များအား ဖြတ်ကျော်ပြီး သူ၏နေရာအား ဆက်လက်ထိန်းထားခဲ့သည့် ဖန်းဝမ်သည် တခြား ခုနှစ်ယောက်၏ ကျော်တက်ခြင်းကိုခံခဲ့ရသော်လည်း အလျင်မလိုခဲ့ပေ။ သူသည် ကျိုးရွှယ်က သူ့အား အမှီလိုက်နိုင်မလားဆိုသည်ကိုသာ သိချင်ခဲ့ပေသည်။

သူသည် ဖန်းမိသားစုမှ ကျန်သည့်လူ (၈) ယောက် ထဲတွင် ကျိုးရွှယ်တစ်ယောက်သာ အမီလိုက်လာနိုင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ ဖန်းဟန်ယုသည် စိတ်ဝိဉာဉ်စွမ်းအားများကို ကျင့်ကြံခဲ့သော်လည်း သူသည် သာမန် သိုင်းသမားတစ်ယောက်သာ ဖြစ်နေဆဲဖြစ်ပြီး ‌တောင်ထိပ်သို့တက်ရခြင်းသည် သူ့အတွက်လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ ဤနေရာသို့ ရောက်အောင်လာနိုင်ရန်မှာ ပိုခက်ခဲပေသည်။

ကျိုးရွှယ်ပြောခဲ့သည့်အတိုင်းပင် စမ်းသပ်မှုပြုလုပ်ခြင်းသည် ကျင့်ကြံခြင်း အခြေခံရှိမရှိကို ဦးတည်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သာမန်လူများအနေဖြင့် ရောနှောပါဝင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

အချိန်များဆက်လက်ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်ခန့်ကြာသောအခါတွင် ဖန်းဝမ်သည် ခမ်းနားထည်ဝါသည့် မြူခိုးထုတစ်ခုကို အဝေးတစ်နေရာတွင် မြင်လိုက်ရသည်။ ထိုနေရာတွင် တောင်တန်းများ၏ ဝေဝါးသော ပုံရိပ်များကိုလည်း တွေ့မြင်နေရသည်။ ထိုပုံရိပ်များသည် ဆန်းကြယ်လှပေသည်။ ထိုတောင်တန်းများ၏ ရှေ့တွင် လွင်ပြင်များတဖက်မှ မြင့်မားသောတောင်တန်းများသည် နှိုင်းယှဉ်စရာမရှိတော့ပေ။

တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် ဖန်းဝမ် အသူတစ်ရာဂိတ်တံခါးဂိုဏ်းကို တွေးလိုက်မိသည်။

သူ့ရှေ့မှာ ရှိနေတဲ့ နေရာက အသူတစ်ရာဂိတ်တံခါး ဂိုဏ်းရဲ့ နယ်မြေတွေများလား ......။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now