အခန်း (၁၀)

97 7 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း(၁၀) နဂါးနိုင်လက်ဝါး

ဖန်းဝမ်သည် ရွှေရောင်အလင်းတန်းများကို အလျင်အမြန် ရှောင်တိမ်းနေခဲ့သည်။ ချင်းယီတာအိုသခင်သည် သူ၏ ရွှေရောင် အ‌ဆောင်စာရွက်က ဖန်းဝမ်အား ထိခိုက်အောင်မလုပ်နိုင်ကြောင်းကို တွေ့ရသော်လည်း သူသည် ထိတ်လန့်သွားခြင်း မရှိပဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

ဖန်းဝမ်သည် တာအိုသခင်ထံမှ ခြေလှမ်း ရှစ်လှမ်းမျှ သာကွာတော့သည့်အချိန်တွင် သူ့လက်ထဲမှ ရတနာဓါးကို ပစ်လွှတ်လိုက်သည်။

သူ၏ပစ်လွှတ်လိုက်မှုသည် အရှိန်မြန်လွန်းသဖြင့် ဓားက သူ့လက်ထဲမှ ထွက်သွားသည်နှင့် ချင်းယီတာအိုသခင်ကို ထိုးစိုက်မိတော့မလို ဖြစ်သွားလေသည်။ သို့သော်လည်း အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဓါးသည် နောက်သို့ပြန်လွင့်လာခဲ့လေ၏။

ဖန်းဝမ်၏ မျက်လုံးများရှေ့တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာခဲ့သည်။ ချင်းယီတာအိုသခင်၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေခဲ့ပြီး သူ့ဓါးကို တွန်းကန်လိုက်သည့် ရွှေရောင်သံချပ်ကာ တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်ကို တွေ့လိုက်ရလေသည်။

အနီးကပ်ကြည့်လိုက်သည့်အခါ ချင်းယီတာအိုသခင်၏ ရင်ဘတ်အနီးတွင် အဝါရောင် အဆောင်စာရွက် ရှိနေခဲ့ပြီး မြင်သာသော အလင်းတန်းများကို  ထုတ်လွှင့်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရလေသည်။

ဝှစ်............ဝှစ်.............

လေတိုးသံများ ထွက်ပေါ်လာပြီးနောက် ငွေရောင် မြှားတို ခြောက်ချောင်းသည် ဖန်းဝမ်ဘေးမှ ဖြတ်သန်းသွားခဲ့ပြီး ချင်းယီတာအိုသခင်ထံသို့ ပျံသန်းသွားခဲ့လေသည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now