အခန်း (၁၇)

78 6 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၁၇) လိုက်ပါလာတဲ့ ရန်သူ

တောအုပ်သည် တိတ်ဆိတ်နေ၍ ထူထပ်သော မြူခိုးများသည် ပတ်ဝန်းကျင်တစ်ဝိုက်ကို ဖုံးအုပ်ထားကာ သစ်ပင်ထိပ်ရှိ အဟများကြားများမှ ဝင်ရောက်လာသည့် နေရောင်ခြည်အား တိမ်းစောင်းနေသည့် ‌ရောင်ခြည်တန်းများအဖြစ် တွေ့မြင်နိုင်ပေသည်။

ကျိုးရွှယ်သည်ရှေ့မှ ဦးဆောင်ခဲ့ပြီး ဖန်းဝမ်နှင့် ဖန်းဟန်ယုတို့သည် အနောက်ဘက်တွင် နေကြပြီး သူတို့အဖွဲ့ဝင်ကိုးဦးတို့သည် ခြေလျင်ခရီးနှင်ခဲ့ကြပေသည်။ သူတို့သည် နှစ်ရက်နီးပါး လမ်းလျှောက်ခဲ့ကြရပြီးဖြစ်သည်။

တောအုပ်အတွင်းရှိ တောင်တက်လမ်းများသည် ရွှံ့ဗွက်အိုင်များဖြင့် သွားလာရန်မှာမလွယ်ကူလှပေ။ သူတို့သည် မကြာခဏ မြွေများ၊ ကြွက်များနှင့် ပင့်ကူကြီးများကို မြင်တွေ့ကြရပြီး ဖန်းမိသားစုတပည့်များအား အလွန်အမင်း ကြောက်ရွံ့စေခဲ့သည်။ ထို့ကြောင့် သူတို့သည် ခြေလှမ်းတစ်လှမ်းချင်းဆီကို အလွန် ဂရုစိုက်ကာ လှမ်းကြ‌လေသည်။

“ကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်းက ဒီလို နက်ရှိုင်းတဲ့ တောင်တွေကြားထဲမှာ ပုန်းကွယ်နေတယ်ဆိုတာကို စိတ်ကူးယဉ်ကြည့်ဖို့ တော်တော်ခက်တာပဲ”

တာချီ မင်းဆက်၏ ကျယ်ပြောသော ကုန်းမြေသည် လူနေထိုင်ရန်မသင့်တော်သည့် တောရိုင်းတိရိစ္ဆာန်များ၊ တောပုန်းဓားပြများနှင့် ပြည့်နက်နေသည့် တောင်တန်းများစွာရှိနေသောကြောင့် ဖန်းဟန်ယုသည် ထိုသို့ ညှင်သာစွာ မှတ်ချက်ချခဲ့ကြခြင်းဖြစ်သည်။ သူကဲ့သို့သော အတွေ့အကြုံရှိသည့် သိုင်းပညာရှင်တစ်ဦးသည်ပင် ဤသို့သော နေရာများသို့ လာရောက်ခဲပေသည်။

ဖန်းဝမ်သည် ဤနေရာတွင် သဘာဝ၏ ကြွယ်ဝသော စိတ်ဝိဉာဉ်စွမ်းအင်များကို ခံစားရပေသည်။ သူတို့ ဝေးဝေးသွားလေလေ စိတ်စွမ်းအင်များ ပို၍ သိပ်သည်းလာလေလေဖြစ်သောကြောင့်ပင် ဖန်းဝမ်သည် အသူတစ်ရာဂိတ်တံခါးဂိုဏ်းကို ပို၍ပင် ရောက်ချင်ဇောကြီးခဲ့ပေသည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now