အခန်း ၇

85 7 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၇) သေမျိုးသိုင်းသမားရဲ့ ခွန်အားနှင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အား

မျက်နှာဖုံးစွပ်နှင့်လူသည် မြေပြင်ပေါ်သို့လဲကျသွားလေသည်။ ဖန်းဟန်ယုသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဒီလောက်တောင်မြန်တဲ့ အမြန်နှုန်းက .......။

ဒါက ဘာကိုယ်ဖော့သိုင်းအမျိုးအစားလဲ ......

ဖန်းဟန်ယုသည် ပထမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း ဖန်းဝမ်၏ လှုပ်ရှားမှုများကို သေချာမမြင်လိုက်ရပေ။ သူသည် အလွန်ပင် လျှင်မြန်လွန်းနေပြီး သူ၏ ဓါးချက် သည် လူထက်ပင် ပိုမြန်နေခဲ့သည်။

ထို့အပြင် သူသည် ထိပ်တန်းအဆင့်ရှိသည့် ဆရာသခင် တစ်ဦးကို ဓါးချက်တစ်ခုတည်းဖြင့် အနိုင်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ဖန်းဟန်ယုသည် မိမိဖာသာ မေးခွန်းထုတ်လိုက်မိသည်။

ငါများ အရမ်းအားနည်းနေတာလား.....

ဒါမှမဟုတ် ဖန်းဝမ်ကပဲ အရမ်းအားကောင်းနေတာလား .......။

ငါက အစစ်အမှန် ပထမအဆင့် သိုင်းသမားတစ်ယောက် မဟုတ်နေလို့ဖြစ်မယ်........။

ဖန်းဝမ်သည် တဖက်သို့ ပြန်လှည့်လာလိုက်ပြီး သူ့ဓါးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ဓါးသွားပေါ်မှ သွေးစက်များကို သုတ်လိုက်ကာ ဓါးအိမ်အတွင်းသို့ပြန်ထည့်လိုက်လေသည်။

ထို့နောက် သူသည် ဖန်းဟန်ယုကိုကြည့်လိုက်ပြီး မေးလိုက်သည်။

“ တကယ်လို့မင်းဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်ဆိုရင် ဆက်ပြီးတိုက်ခိုက်၊ ရန်သူတွေကိုသတ်ဖို့ကြိုးစားပါ။ ဒီထိပ်တန်းအဆင့် ပညာရှင်တွေကလွဲရင် ကျန်တဲ့လူတွေက မင်းအတွက် အေးဆေးပါပဲ ၊ မင်းက အရမ်းသန်မာပါတယ် “

ထိုသို့ ပြောပြီး ဖန်းဝမ်သည် တဖက်သို့လှည့်ကာ ထွက်ခွာသွားခဲ့သည်။ သူသည် အရိပ်မဲ့ ခြေလှမ်းသိုင်းကိုအသုံးပြုလိုက်သဖြင့် သူ၏ပုံရိပ်သည် ဝေဝါးသွားခဲ့ပြီး ခြံဝင်းနံရံကိုကျော်တက်ကာ အမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now