အခန်း(၁၈)

85 6 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၁၈) ကျင့်ကြံခြင်း မိသားစုများနှင့် ယှဉ်ပြိုင်ခြင်း

တောအုပ်ထဲတွင် သူတို့အဖွဲ့သည် စမ်းချောင်းတစ်ခုအနီး၌ ရပ်တန့်ခဲ့ကြပြီး မီးဖိုခဲ့ကြသည်။ ဖန်းဝမ်သည် ကျိုးရွှယ်ဘေးတွင် အနားယူနေခဲ့ပြီး အခြားသူများသည်လည်း အတူတကွ ထိုင်နေခဲ့ကြပေသည်။

“မနက်ဖြန်ကျရင် ကျွန်မတို့ အသူတစ်ရာ ဂိတ်တံခါးဂိုဏ်းအရှေ့က တောင်ကြားမြို့လေးဆီကို‌ ရောက်ကြတော့မယ်၊ အသူတစ်ရာ ဂိတ်တံခါးဂိုဏ်းမှာ တောင်ထိပ်ကိုးခုရှိတယ်ဆိုတာကို ငါ ကြိုပြောပြထားမယ်နော်၊

ဝင်ခွင့်စာမေးပွဲကတော့ နောက် ခြောက်ရက်ခုနစ်ရက်အတွင်းမှာ စမယ်လို့ ခန့်မှန်းထားတယ်၊ နင်တို့ရဲ့ စွမ်းရည်နဲ့ဆိုရင် စာမေးပွဲကို အောင်ဖို့က ခက်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့လည်း နင်တို့တစ်ယောက်ချင်းစီတိုင်းက အတူတူ ပူးကပ်နေမဲ့အစား မတူတဲ့ တောင်ထိပ်တွေထဲ ဝင်မယ်လို့တော့ မျှော်လင့်မိတယ်”

ကျိုးရွှယ်သည် ညင်သာစွာ ပြောခဲ့သည်။

ဖန်းမိသားစုစံအိမ်အတွင်း၌ သူတို့အပြင် တခြားကျင့်ကြံနိုင်သူများ ရှိနေပေသည်။ ကျိုးရွှယ်သည် အကျွမ်းကျင်ဆုံး နှင့် ထူးချွန်ဆုံးသော တပည့်များကိုသာ လာ၍ အခြေချနိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပေသည်။

သူတို့က အဖွဲ့များကို မိမိတို့ဘာသာ ဖွဲ့ကြရမည်ဟု ကြားခဲ့ရသည့်အခါတွင် ဖန်းရှင်း၏ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး စတင်၍ စိတ်ဖိစီးလာခဲ့ပါသည်။ သို့သော် အခြားသော လူများသည် ကြောက်ရွံ့မနေခဲ့ကြပေ။ သူတို့သည် များသောအားဖြင့် စိတ်လှုပ်ရှားနေခဲ့ကြပေသည်။

ကျိုးရွှယ်သည် ဖန်းဝမ်နှင့် ဖန်းဟန်ယုတို့အား လှမ်းကြည့်ခဲ့ကာ ပြောခဲ့လေသည်။

“ရှင်တို့နှစ်ယောက် စာမေးပွဲထဲကို ဝင်ပြီဆိုရင် ထိန်းချုပ်ပြီး ဖုံးကွယ်ထားနေလို့ မရဘူးနော်၊ ဖြစ်နိုင်သလောက် ရှင်တို့ရဲ့ အရည်အချင်းတွေကို ပြကြပါ၊ အဲ့တာက အသူတစ်ရာ ဂိတ်တံခါးဂိုဏ်းထဲမှာ ရှင်တို့ ဘယ်လိုကြုံတွေ့ရမလဲကို ဆုံးဖြတ်ပေးသွားမှာလေ၊ သာမန် စွမ်းရည်နဲ့သူတွေက သာမန် တပည့်တွေပဲဖြစ်လာပြီး အဲ့ဒီအပြင် အဆင့်တက်ဖို့ကလည်း နှစ်ပေါင်းများစွာ ကြာလိမ့်မယ်”

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now