အခန်း (၂၄)

64 6 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၂၄) နေနတ်ဘုရားရဲ့ နဂါးနိုင်လက်ဝါး

ဖန်းဝမ်သည် ကုလီကို မကြည့်နေခဲ့ပေ။

သို့သော်လည်း အခြားသူများကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ ကျုပ်က ဒီနေရာမှာ တိုက်ရိုက်တပည့်ဖြစ်ဖို့အတွက် ပြိုင်ပွဲဝင်တစ်ယောက်အဖြစ်နဲ့ ယှဉ်ပြိုင်ချင်တယ်၊ ကန့်ကွက်ချင်တဲ့လူ ရှိသေးလား။ “

မည်သူမှ စကားပြန်မပြောရဲကြပေ။ သူတို့အားလုံး သူ့ကို ပြိုင်ဖက်ကင်းသည့် လူတစ်ယောက်သဖွယ် စိုက်ကြည့်နေခဲ့ကြလေသည်။

ကျိုးရွှယ်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး အသာအယာ ပြုံးလိုက်မိသည်။ ထို့နောက် သူမဖာသာ တစ်ကိုယ်တည်း တွေးကြည့်လိုက်သည်။

“ ဒီကလေးရဲ့ ဇွဲကတော့ အံ့သြစရာပဲ။ သူ့ကိုကြည့်ရတာ မလေးနက်သလိုနဲ့၊ တကယ်ပြိုင်ဆိုင်ရပြီဆိုရင်တော့ ဇွဲရှိတယ်။ တကယ်လို့ ငါ့အရင်ဘဝက အဲ့ဒီညမှာသာ သူမသေခဲ့ဘူးဆိုရင် သူဘယ်လောက် အမြင့်အထိ ကိုရောက်နိုင်မလဲ ..... “

သူမတွေးနေစဉ်တွင်ပင် မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာသည် ချင်းယီတာအိုသခင် အသုံးပြုခဲ့သည့် အဝါရောင်အဆောင်စာရွက် ဖြစ်သည်။

ဖန်းဝမ်သည် ထိုအရာကိုမြင်လိုက်ရပြီး ရင်တချက်တုန်သွားလေသည်။

ဟေး ကျိုးရွှယ် နင်ငါ့ကို အတည်ကြီးချမလို့ အဲ့ဒါကောက်ထုတ်လိုက်တာလား  .......။

(ဘာသာပြန်သူအမှာ- သူ ဘယ်သူလဲစာစဉ်ကော၊ ပျင်းစရာ ရှန်းရှတစ်ပုဒ်စာစဉ်မှာပါ၊ ဇာတ်ကောင်တွေက စိတ်ထဲကနေ တွေးတောနေတဲ့ စကားပြောအရေးအသားမှာ မျက်တောင်အဖွင့်အပိတ်(“.”) မပါပါဘူး။ အပေါ်က ဖန်းဝမ်က စိတ်ထဲကတွေးလိုက်တဲ့ စကားကို ရေးသလိုမျိုး ဒီတိုင်း စကားပြောနဲ့ ရေးမှာ၊ ရေးခဲ့တာပါ။ တချို့စာဖတ်သူတွေက မျက်စိလည်သွားတတ်လို့ လာရှင်းပြတာပါ။ ဆက်ဖတ်နိုင်ပါပြီ... Zeus)

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now