အခန်း (၁၃)

78 6 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၁၃) သူရိယ ကျမ်း

“ ငါ အကုန်သင်လို့ ရမလား?”

ဖန်းဝမ်က ထိုသို့ဆုံးဖြတ်ခဲ့ရာ ကျိုးရွှယ်၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် တွန့်သွားခဲ့ပြီး သူမသည် ‌စိတ်တိုသောကြောင့် ချစ်စဖွယ် မျက်စောင်းထိုးခဲ့သည်။

အလွန် စိတ်ကြီးဝင်လှပေသည်!

သို့သော် ကျိုးရွှယ်သည် ဖန်းဝမ်အား အလွန်ပင်စိတ်ရှည်စွာဖြင့် ရှင်းပြခဲ့သည်။

“မတူညီတဲ့ ကျင့်ကြံခြင်း ကျင့်စဉ်တွေက မတူညီတဲ့စိတ်စွမ်းအား အမျိုးအစားတွေကို ကျင့်ကြံရတယ်။ ကျင့်ကြံခြင်း ကျင့်စဉ်တွေအများကြီး ကိုလေ့လာမယ်ဆိုရင် စိတ်စွမ်းအားတွေ ပရမ်းပတာဖြစ်စေပြီး ကျင့်စဉ်တစ်ခုတည်းကို ကျွမ်းကျွမ်းကျင်ကျင် ကျင့်ကြံတာက ကျင့်စဉ်တွေအများကြီးကို နည်းနည်းလေးကျင့်ကြံတာထက် ပိုပြီး လွယ်ကူတယ်”

ဖန်းဝမ်သည် အရှက်ကင်းမဲ့စွာဖြင့် မေးမြန်းခဲ့ပြန်လေသည်။

“ငါတစ်ခုကို ရွေးလိုက်ပြီးတော့မှ မသင်နိုင်ရင် တခြားတစ်ခုကို ပြောင်းလို့ရလား?”

“ ရှင်က ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တာဆိုတော့လည်း ရပါတယ်”

ကျိုးရွှယ်သည် စိတ်မထိန်းနိုင်ဘဲ တချက်ရယ်လိုက်ပြီး သိမ်မွေ့စွာ ပြောဆိုခဲ့သော်လည်း ထိုသို့ ရယ်လိုက်ခြင်းသည် သူမ၏ ဒဏ်ရာများကို နာကျင်သွားစေခဲ့ပြီး သူမအား အပြင်းအထန် ချောင်းဆိုးစေခဲ့တော့သည်။

ဖန်းဝမ်သည် သူမအား ထိတွေ့ ကိုင်တွယ်ရန်မှာ မသင့်တော်ဟု ခံစားရသောကြောင့် သူသည် ဘေးမှသာ ကြည့်နေခဲ့ရသည်။

(ဘာသာပြန်သူမှတ်ချက်- လူကြီးလူကောင်းဖန်းဝမ်)

“ဘယ်တစ်ခုနဲ့ အရင်စကြည့်ချင်လဲ?”

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now