အခန်း (၈)

92 8 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၈) မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ခြင်း

ချင်းယီ တာအိုသခင်သည် ကျိုးရွှယ်၏ အကြည့်ကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းအရင်းတစ်ချို့ကြောင့် ကျိုးရွှယ်သည် သူ့အား အန္တရာယ်ပေးနိုင်သည်ဟူသည့် ခံစားချက်ကို ခံစားမိနေခဲ့သည်။ သူသည် အစက ထိုသူကို ကျင့်ကြံသူတစ်ယောက်ပေလောဟု သံသယဝင်မိသေးသည်။ သို့သော်လည်း သေချာပြန်ကြည့်လိုက်သည့်အချိန်တွင် ကျိုးရွှယ်ထံမှ မည်သည့် အရှိန်အဝါကိုမှ မရသကဲ့သို့၊ မှော်ပစ္စည်းများ ကိုလည်း အာရုံမခံမိပေ။ သူမသည် ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ချေ။

ချင်းယီ တာအိုသခင်သည် လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ရှေ့သို့ခုန်ထွက်လိုက်သည်။ ထို့နောက် သူသည် ကျိုးရွှယ်ကို စတင်တိုက်ခိုက်လိုက်လေသည်။

ကျိုးရွှယ်သည် သစ်ပင်ပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး ညအမှောင်အတွင်းတိုးဝင်ပျောက်ကွယ်သွားလိုက်သည်။ ချင်းယီ အတွက်မူ ညသည် နေ့ခင်းတစ်ခုကဲ့သို့ အရာအားလုံးကို အတိုင်းသားမြင်နေရသဖြင့် သူသည် ချက်ချင်းပင် ကျိုးရွှယ်နောက်သို့လိုက်သွားလေသည်။

ချင်းယီ တာအိုသခင်သည် ခြံဝန်းနံရံကို အသာအယာ ကျော်လွားလိုက်သည်။ သူသည် လေထဲတွင် ရှိနေစဉ် သူ၏သားမွေး ယပ်တောင်ကို ညာဖက်လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး ကျိုးရွှယ် ဖက်သို့ ညွှန်ပြလိုက်သည်။ ထိုအခိုက်တွင်ကျိုးရွှယ်သည် ရုတ်တရက်ရပ်တန့်လိုက်ပြီး မြှားတို ငါးချောင်းကို ချင်းယီ ‌ထံသို့ ပစ်လွှတ်လိုက်လေသည်။

ချင်းယီ တာအိုသခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။

.......

ဝုန်း

......

ပုံရိပ်တစ်ခုသည် နံရံကိုဝင်တိုက်မိသွားပြီး ဖုန်မှုန့်များ လွင့်စဉ်လာခဲ့သည်။ သူ၏ ခြေလက်များသည် သဘာဝမဆန်စွာပင် တွန့်လိမ်နေခဲ့ပြီး ထိုမြင်ကွင်းကိုကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပေ၏။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now