အခန်း (၃)

115 6 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၃) ဖြောင့်မတ်တဲ့လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်

“ ဟုတ်တယ်၊ မင်းပြန်ပြီးမမွေးဖွားခင် ငါတို့ မိသားစုရဲ့ မျိုးတုန်းသတ်ဖြတ်ခံရတဲ့ညက ငါက ဘယ်နေရာမှာ ပါဝင်ခဲ့တာလဲ “

ဖန်းဝမ်၏ မေးခွန်းသည် ကျိုးရွှယ်အား သတိပြန်ဝင်လာစေခဲ့သည်။

သူ၏ မြင့်မားသည့် သိုင်းပညာအရည်အချင်းဖြင့် ဆိုပါက သူသည် လူများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရမှသာ သေဆုံးပေလိမ့်မည်။

ဖန်းဝမ်က ထိုအကြောင်းကို ချင့်ချိန်နေစဉ်မှာပင် ကျိုးရွယ်၏ အသံကို ကြားလိုက်ရသည်။

“ ကျွန်မ ရှင့်ကို လုံးဝမမှတ်မိဘူး။ ကြည့်ရတာရှင်က ကျွန်မတို့ မိသားစု မျိုးတုန်းသတ်ဖြတ်ခံရတဲ့ ညမှာတုန်းက သေသွားတယ်ထင်တယ်။ အဲ့ဒါပြီး‌တော့ ဖန်းမိသားစုက လူနည်းနည်းပဲ လွတ်မြောက်ခဲ့တာလေ၊ ရှင်က အဲ့ဒီလူတွေအထဲမှာ မပါဘူး “

ငါ.... ဆယ့်သုံးယောက်မြောက် သခင်လေးက မင်းကို အထင်ကြီးစေဖို့အတွက် မလုံလောက်ဘူးလား .....။

ဖန်းဝမ်သည် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ကျိုးရွှယ်၏ နောက်ဆက်တွဲစကားများသည် သူ့အား သေမိန့်ချခံလိုက်ရသကဲ့သို့ပင် ခံစားရစေသည်။ သူဂရုစိုက်သည့် လူများသေဆုံးရသည့်အကြောင်းကို တွေးမိလိုက်သောအခါတွင် သူ့နှလုံးသားသည် တင်းကြပ်လာရလေ၏။

“ မင်းပြောတဲ့ မျိုးသုဥ်းသတ်ဖြတ်ခံရတဲ့ ညအကြောင်းကို ပြောကြတာပေ့ါ၊ ပြီးတော့ ငါတို့ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ရအောင် “

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now