အခန်း (၉)

89 7 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၉) သူ့ကိုသတ်လို့မရနိုင်ဘူး

“ ရှင် ဒီနေရာမှာ ဘာလုပ်နေတာလဲ ၊ ရှင်က သူ့ရဲ့ပြိုင်ဖက်မဟုတ်ဘူး “

ကျိုးရွှယ်သည် အံကြိတ်ပြီးပြောလိုက်သည်။

သူမသည် ဖန်းဝမ်ကို ဤနေရာတွင် အသတ်ခံရခြင်းမျိုးကို မဖြစ်စေချင်ပေ။

ဖန်းဝမ်သည် လက်တဖက်ဖြင့် ကျိုးရွှယ်ကိုပွေ့ထားလိုက်ပြီး အရိပ်မဲ့ခြေလှမ်း ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူ့ကို တိုက်ခိုက်လာကြသည့် ရွှေရောင်အလင်းတန်းများကို ရှောင်တိမ်းလိုက်လေသည်။ သူသည် ထိုနေရာတစ်ဝိုက်တွင်သာ ရှေ့တိုးနောက်ဆုတ်လုပ်နေခဲ့ခြင်း ဖြစ်သည်။

“ ငါကသူ့ပြိုင်ဖက် မဖြစ်နိုင်ဘူး၊ ဒါပေမယ့် မင်းကကော ...... “

ဖန်းဝမ်သည် သူ့လက်မောင်းများထဲမှ ကျိုးရွှယ်ကို ကြည့်မနေခဲ့ပေ။သူသည် လေထဲတွင် မတ်တပ်ရပ်နေသည့် ချင်းယီ တာအိုသခင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

ကျိုးရွှယ်သည် ဘာမှပြန်ပြောနိုင်ခြင်းမရှိတော့ပဲ တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ချင်းယီတာအိုသခင်သည် တိုက်ခိုက်မှုများကို ရပ်တန့်ထားလိုက်လေသည်။ ဖန်းဝမ်သည် ပျက်စီးနေသော နံရံတစ်ခုပေါ်သို့ ခြေချလိုက်ပြီး ကျိုးရွှယ်သည် သူ့လက်မောင်းများကြားထဲမှ ထွက်လိုက်ကာ သူနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။

“ ဒါက မှော်မန္တန် တစ်မျိုးလား ။ ကျင့်ကြံခြင်းကမ္ဘာက အောက်ဆုံးအဆင့်လူတစ်ယောက်က ဒီလောက်တောင် အစွမ်းထက်တယ်ပေါ့လေ...... “

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now