အခန်း (၁၉)

70 4 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၁၉) စွမ်းအားတိုးလာခြင်း

ကျင့်ကြံခြင်း မိသားစုကြီးတွေနဲ့ ပြိုင်ဆိုင်ရမယ်တဲ့လား!

ဖန်းမိသားစုမှ တပည့်များသည် ကြောက်လန့်သွားခဲ့ကြပြီး ဖန်းဟန်ယုသည်ပင် သူ၏ဓားအိမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိခဲ့လေသည်။

ကျိုးရွှယ်သည် မည်သည်မှ ထပ်၍မပြောတော့ဘဲ လူများ၏အနောက်မှလိုက်၍ လမ်းပေါ်သို့ ဦးဆောင်သွားခဲ့ပြီး ဖန်းဝမ်နှင့် အခြားသူများသည် သူမ၏နောက်မှ အနီးကပ် လိုက်ပါလာခဲ့ကြတော့သည်။

လမ်းတစ်လျှောက်တွင် ဖန်းဝမ်သည် သူ၏ပတ်ဝန်းကျင်ရှိ လူများ၏ စွမ်းအင်ကို အာရုံခံနေခဲ့သည်။ အားလုံးသည် ကျိုးရွှယ်ကဲ့သို့ သူတို့၏ အရှိန်အဝါကို ဖုံးဝှက်မထားနိုင်ခဲ့ကြဘဲ သူသည် ၎င်းတို့ထံမှ စိတ်စွမ်းအား မတည်မငြိမ်ဖြစ်နေခြင်းတချို့ကိုပင် ခံစားခဲ့မိလေသည်။

ဖန်းမိသားစု တပည့်များကဲ့သို့သော သာမန်လူများအပါအဝင် လူအများစုသည် စိတ်စွမ်းအားကို ကျင့်ကြံထားကြသောကြောင့် သူတို့သည် ထင်ရှားပေါ်လွန်နေခဲ့ခြင်းမရှိပေ။

ကျင့်ကြံခြင်း မိသားစုများကြားထဲ၌ပင် အမျိုးမျိုးသော အင်အားအနေအထားများ ရှိနေကြသည်ဟုထင်ရပေသည်။ မိမိ၏ ဘိုးဘေး များထဲ၌ ကျင့်ကြံသူတစ်ဦးရှိသည်ကပင် မိမိအား ကျင့်ကြံခြင်း မိသားစုဝင်တစ်ဦးအနေဖြင့် သတ်မှတ်ရန် လုံလောက်ပြီဖြစ်သည်။

ဖန်းဝမ်သည် ထိုအကြောင်းအား စဉ်းစားရင်းဖြင့် သူ၏ကိုယ်ပိုင် စိတ်စွမ်းအားနီးပါးရှိသည့် အလွန်အမင်း စိတ်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးကို မြန်မြန်ဆန်ဆန်ပင် သတိထားမိသွားခဲ့တော့သည်။

ထိုသူသည် ဝါးခမောက်နှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏နောက်ကျောတွင် စာအုပ်အိတ်တစ်ခုအား သယ်ဆောင်လျက် သူ၏ခါးတွင်လည်း ဘူးသီး‌ခြောက်တစ်ခုကို ချည်ထားသောကြောင့် လူအများ၏ အကြည့်များကို ဆွဲဆောင်နိုင်သည့် ထူးဆန်းသော ဝတ်စုံတစ်ခု ဖြစ်နေပေသည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now