အခန်း (၁၁)

76 6 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၁၁) ကျင့်ကြံခြင်းနည်းလမ်း သုံး မျိုး

ဘုတ်.....

ဦးခေါင်းမဲ့နေသော ချင်းယီတာအိုသခင်၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့ပြီး နေရာအနှံ့သို့ ‌ သွေးများစွန်းပေသွားလေသည်။ သူ့အပေါ်တွင် မျောလွင့်နေခဲ့သည့် ဝိဉာဉ်လောင်ကျွမ်းခြင်း တံခွန်သည်လည်း ပြုတ်ကျလာခဲ့ပေသည်။ တံခွန်ဘေးဖက်ရှိ တစ္ဆေချီစွမ်းအားများသည်လည်း ပျောက်ကွယ်သွားတော့၏။

ချင်းယီတာအိုသခင်၏ အ‌လောင်းကို စိုက်ကြည့်လိုက်ပြီး ကျိုးရွှယ်သည် တုန်လှုပ်သွားခဲ့သည်။ သူမသည် တဖက်သို့ပြန်လည့်လိုက်ပြီး ရတနာဓါးကို ဆုပ်ကိုင်ထားသည့် ဖန်းဝမ်ကို ပြန်ကြည့်လိုက်သည်။ သူမ မနေနိုင်တော့ပဲ မေးလိုက်မိ၏။

“ ရှင်..... ရှင်အခု ဘာလုပ်လိုက်တာလဲ ..... “

ဖန်းဝမ်သည် သူမကို ဘယ်ဖက်လက်ဖြင့် ဖေးမထားပေးရင်းနှင့် သူ့ညာလက်တွင် ရတနာဓါးကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့နောက် တည်ငြိမ်သော အမူအယာဖြင့် ပြောခဲ့သည်။

“ မင်း မြင်တဲ့အတိုင်းပဲလေ၊ ဒါက မင်း သင်ပေးထားတဲ့ ဓါးထိန်းချုပ်ခြင်း ပညာရပ်ပဲ ...... “

သူပြောလိုက်ပြီးသည်နှင့် အနီးတွင်ရှိနေသည့် ဖန်းမိသားစုဝင်များထံမှ ချီးကျူးဂုဏ်ပြုသံများ ထွက်ပေါ်လာလေသည်။

“ အဲ့ဒီ မကောင်းဆိုးဝါးတာအိုသခင်တော့ သေသွားပြီ “

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now