ပျင်းစရာ ရှန်းရှတပုဒ်
အခန်း (၆) ငါ့ရှေ့မှာတော့ မင်းကအဲ့လောက်ကြီး ထူးကဲတဲ့လူတစ်ယောက် မဟုတ်ပါဘူး (၂)
ဖန်းမိသားစု အိမ်တော်၏ အဓိကခန်းမအတွင်း၌ အလင်းရောင်တစ်ခုရှိနေခဲ့သည်။ အိမ်တော်သခင် ဖန်းမန် သည် ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး မိသားစုမှ အမျိုးသားများ ၊ အမျိုးသမီးများသည် သူ့ကို ဝန်းရံနေခဲ့ကြသည်။
သူ၏အသက်သည် (၇၀) နီးနေပြီဖြစ်သည်။ သူသည် ဆံပင်များသည် ဖြူနေပြီ ဖြစ်ကာ သူ့ကိုကြည့်ရသည်မှာ ခြင်္သေ့အိုတစ်ကောင်နှင့် တူနေခဲ့သည်။ သူသည် ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး သူ့လက်များသည် လမ်းလျှောက်တုတ်ကောက်ကို ဆုပ်ကိုင်ထားပြီး မှောင်မဲနေသည့် ပြင်ပ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
“ အခုက ကြွက်နာရီ ရောက်နေပြီပဲ၊ ကျုးကျော်သူလည်း တစ်ယောက်မှ မရှိနေပါဘူး ။ ကြည့်ရတာ သတင်းမှားပဲ ထင်တယ် “
“ ကျွန်မပြောသားပဲ၊ ကလေးနှစ်ယောက်ပြောတာကို မယုံပါနဲ့ဆိုတာကို “
“ ဖန်းဝမ်က တော်တော်လေး ဉာဏ်ကောင်းတဲ့ကလေးပါ၊ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလို ကောလာဟလတွေကို ယုံကြည်ရတာလဲ ။ ဖန်းမိသားစုအိမ်တော်က မြို့စားအိမ်တော်ပဲလေ၊ ဘယ်သူက ကျုးကျော်ရဲမှာတဲ့လဲ ....... ကျုးကျော်မယ့်လူတွေ ရှိရင်လည်း ခေါင်း ပြတ်ချင်လို့ပဲ နေမှာပေါ့ “
“ တိတ်တိတ်လေးနေကြစမ်း၊ မင်းတို့အမျိုးသမီးတွေက ဘာနားလည်လို့လဲ .......။အခုထိ မနက်မလင်းသေးဘူး၊ ငါတို့ သတိလျော့လိုက်လို့ မဖြစ်ဘူး “
“ အဖေ ကျွန်တော်တော့ စိတ်မသက်မသာ ဖြစ်နေပြီ “
YOU ARE READING
ပျင်းစရာရှန်းရှတပုဒ်
Fantasyအညွှန်းရေးသေးတယ် တော်တော်ရှည်ပြီး သတ်မှတ်ထားတဲ့ စာလုံးရေထက်ကို ကျော်သွားလို့ ရေးမရဘူး။ အဲ့တော့ အညွှန်းဖတ်ချင်သူတွေအတွက် လင့်ပေးမယ်။ အဲ့ကနေ သွားဖတ်လိုက်ကြပါ ✌🏻 https://www.facebook.com/share/p/2s2cbyGEN9uqpYvF/?mibextid=oFDknk