အခန်း (၂၃)

58 5 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၂၃) စတင်တိုက်ခိုက်ခြင်း

“ နင်ကဘယ်သူလဲ “

ကုလီသည် ဖန်းဝမ်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်ခုံးများသည် အနည်းငယ်တင်းမာသွားခဲ့ပြီး သူမသည် ဖန်းဝမ်ကို စူးရဲစွာ ဖြင့်ကြည့်နေခဲ့သည်။ ဤအချိန်မျိုးတွင် ရှေ့ထွက်လာရဲသည့် မည်သူမဆို သာမန်လူများ မဖြစ်နိုင်ပေ။ သူမသည် ထိုလူငယ်ကို အထင်သေး၍ မရပေ။

သူ့မှာ ထင်ရှားတဲ့ နောက်ခံတစ်ခုခုများ ရှိနေမလား........

လူတိုင်သည် ဖန်းဝမ်ကို စိုက်ကြည့်လိုက်ကြသည်။ အိပ်ပုတ်ကြီးပင် ဖန်းဝမ်ကို ကြည့်နေခဲ့သည်။

ဖန်းဝမ်သည် တည်ငြိမ်စွာပြောလိုက်သည်။

“ င့ါနာမည်က ဖန်းဝမ်၊ အရင်ဆုံးငါတို့ မိတ်ဖြစ်ဆွေဖြစ်ပဲ ပြိုင်ကြရင်မကောင်းဘူးလား။ အနိုင်ရတဲ့လူက ကျန်တဲ့လူတွေအားလုံးကို တစ်ယောက်ထဲ စိန်ခေါ်လို့ရမယ်၊ နင်ဘယ်လိုထင်လဲ “

သူပြောလိုက်သည်နှင့် ကျန်လူများ မကျေမနပ် ဖြစ်သွားကြဟန် တူသည်။ ဤနေရာရှိ လူတိုင်းသည် ကျင့်ကြံခြင်းမိသားစုများမှ လာကြသူများဖြစ်ကြသည်။ သူတို့သည် စတင်ရန်အတွက် အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း တစ်စုံတစ်ယောက်က ကုလီ ကိုစိန်ခေါ်လိုက်သောအခါတွင် စိတ်လှုပ်ရှားသွားကြသည်။

လူအများစုသည် လျိုပိုင်ကု မိသားစုကို အသိအမှတ်ပြုထားခဲ့ကြသည်။ သို့သော်လည်း အချို့သူများထံတွင် လျိုပိုင်ကုမိသားစုက နာမည်ကျော်ကြားသလို စွမ်းအားကြီးလေမလားဆိုသည်ကို သိလိုစိတ်များ ရှိနေကြဆဲဖြစ်သည်။ အကယ်၍ သူတို့သာ တိုက်ရိုက်တပည့်နေရာအတွက် အလျင်စလို တိုက်ခိုက်မိပါက ဓါးသယ်ဆောင်သူတပည့် တစ်ယောက်ပင် ဖြစ်မလာတော့မည်ကို ကြောက်နေခဲ့ကြသည်။ ထို့အပြင် လူပေါင်း (၅၁) ယောက်၏ ရှေ့တွင် သူတို့၏ ခွန်အားကိုထုတ်ပြရန်မှာလွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now