အခန်း (၁၅)

87 8 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း ၁၅ : ကျင့်ကြံခြင်း မင်းဆက် (၁)

“ဟုတ်လား? အဲ့တာဆိုရင် ငါ သင်ကြည့်ချင်တယ်!

ဖန်းဝမ်၏ မျက်လုံးများသည် အရောင်တောက်လာခဲ့ပြီး သူက ခပ်မြန်မြန်ပင် ပြောလိုက်တော့သည်။ အထူးသဖြင့် ဖန်းဝမ်သည်  ယခင်ကတည်းက ဓားပျံကိုစီးနင်းပြီး မိုးမြေအနှံ့ ပျံသန်းကာ သွားလာလိုသော ဆန္ဒရှိခဲ့ပါ၏။ ထို့အပြင် ကျင့်ကြံသူတဦးက ဓားကိုကိုင်ဆောင်ထားမှ စတိုင်မိမိုက်လိမ့်မည် ဖြစ်သည်။

ကျိုးရွှယ် ပြောသည့်စကားအရဆိုလျှင် ထိုမန္တန်သည် ဓားထိန်းချုပ်ခြင်း ကျင့်စဉ်ကဲ့သို့ပင် ကျင့်ကြံသူများအားလုံး သင်ယူကြသည့် မန္တာန် တစ်ခုဖြစ်ကာ ကျင့်ကြံခြင်း လမ်းစဉ်အတွင်းရှိ ဓားများ၏ အခြေခံကျမှုကို ဖော်ပြနေပေသည်။

ကျိုးရွှယ်သည် ချက်ချင်းပင် ဓားကျင့်စဉ်အား စတင်သင်ကြားပေးရာ ဖန်းဝမ်သည်လည်း အာရုံစူးစိုက်၍ နားထောင်နေခဲ့တော့သည်။

ခဏအကြာတွင်။

ကျိုးရွှယ်သည် သူမ၏ ရှင်းပြချက်များအား အဆုံးသတ်ခဲ့ပြီး ဖန်းဝမ်အား တစ်ချက်ကြည့်ခဲ့သည်။

သို့သော် ဖန်းဝမ်သည် မျက်မှောင်ကြုတ်လျက်ရှိနေပေသည်။ သူသည် ခဏတာမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ပြောခဲ့၏။

“ဒီ ဓားကျင့်စဉ်က မမှန်နေဘူးနော်၊ ငါက ကျင့်ကြံသူတွေအတွက် ဓားကျင့်စဉ်ကို တစ်ခါမှ မကျင့်ဖူးခဲ့သေးပေမဲ့လည်း ကျင့်စဉ်တွေအားလုံးမှာ တူညီတဲ့အချက်တွေ ရှိတယ်လေ၊ အထူးသဖြင့် ဓားတာအိုမှာပေါ့၊ ငါတော့ ဒီဓားကျင့်စဉ်ကို မင်းပြောတဲ့နည်းလမ်းသုံးပြီး ကျင့်ကြံရင် အလုပ်ဖြစ်မယ်လို့ မထင်ဘူး”

ကျိုးရွှယ်က ကျင့်စဉ်ကို ပြောပြပြီးသည့်တိုင် ဖန်းဝမ်က ကောင်းကင်နန်းတော်အတွင်းသို့ မဝင်ရောက်နိုင်သေးသည့် အချက်ကပင် ဤဓားကျင့်စဉ်က အတုအယောင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်!

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now