အခန်း (၁၆)

86 9 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း (၁၆) : ကျင့်ကြံခြင်း မင်းဆက် (၂)

ဖန်းဟန်ယုသည် သူ့ထက် နှစ်နှစ်ကြီးသော်လည်း ဖန်းဝမ်သည် မွေးကတည်းကပင် လူကြီးစိတ်ရှိသောကြောင့် သူသည် သူ၏ ရွယ်တူများအား နာမည်ဖြင့်သာ ခေါ်ခဲ့ပြီး ဖန်းဟန်ယုသည်လည်း ကျင့်သားရနေခဲ့ပေသည်။

ထိုညပြီးနောက်တွင် ဤသူနှစ်ဦးသည် စကားပြောရန် အခွင့်အရေး မရှိခဲ့ကြဘဲ တောင်ပိုင်းတောင်ကုန်းမြို့တော်မှ သုံးရက်တိုင်တိုင် ထွက်လာပြီးနောက်တွင်လည်း ဖန်းဟန်ယုနှင့် ဖန်းဝမ်တို့သည် တစ်ဦးကိုတစ်ဦး စကားမပြောခဲ့ကြဘဲ ခေါင်းကိုသာ ညိမ့်ပြနေခဲ့ကြသည်။

“ဖန်းဝမ် ၊  ကျိုးရွှယ်က ငါ့ကို အခြေခံ ချီစုဆောင်းခြင်း နည်းလမ်းကို ‌သင်ပေးခဲ့ပြီး ငါက လဝက်လောက် ကျင့်ကြံပြီးတော့ စိတ်စွမ်းအားကို ထုတ်နိုင်တယ်ဆိုရုံလောက်လေးပဲ ထုတ်နိုင်သေးတယ်၊ မင်း ငါ့ကို ဓားထိန်းချုပ်ခြင်း ကျင့်စဉ် သင်ပေးလို့ရမလား? ငါ ကျိုးရွှယ်ကို မနှောင့်ယှက်ချင်ဘူးကွာ…”

ဖန်းဟန်ယု သည် ဖန်းဝမ်၏ အကြည့်များကို ရှောင်ကာ ကသိကအောင့်နှင့် ပြောခဲ့လေသည်။

ဖန်းဝမ်သည် ပြုံးမိသွားခဲ့ပြီး မတ်တတ်ရပ်၍ ရယ်လိုက်တော့သည်။

“အေးပါကွာ။ ဟန်ယု ၊ ငါက မင်း ‌မေးမှာကို စောင့်နေတာကွ။ မင်းကလည်း မေးဖို့ကို ကြာလိုက်တာ၊ ငါ့ကိုတောင် မေ့သွားပြီထင်နေတာ။ မင်း ငယ်ငယ်တုန်းကဆိုရင် ငါ‌က လှဲဆိုရင် လှဲချလိုက်ရောလေ။ အခုတော့ မင်းလည်း ကြီးလာတော့ ငါ့ကို အဖက်တောင်မလုပ်တော့ဘူး မဟုတ်လား?”

အဖက်မလုပ်တော့ဘူးတဲ့လား?

ဖန်းဟန်ယုသည်လည်း ပြုံးမိသွားခဲ့တော့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ဖန်းဝမ်၏ ထူးဆန်း၍ တမူထူးခြားသော စကားလုံးများကို အသုံးပြုခြင်းနှင့် ရင်းနှီးနေခဲ့ပြီးဖြစ်ကာ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကိုလည်း အကြမ်းဖျင်း နားလည်ခဲ့ပေသည်။ သူသည် ရှက်ရွံ့စွာနှင့် ပါးများက အနည်းငယ် အနီရောင်သမ်းလာခဲ့ပြီး ပြောခဲ့သည်။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now