အခန်း (၃၀)

64 6 0
                                    

ပျင်းစရာ ရှန်းရှတစ်ပုဒ်

အခန်း(၃၀) တောအုပ်ထဲ၌ မိန်းမလှကို အနိုင်ကျင့်ခြင်း

ဖန်းဝမ်သည် သစ်သားဓါးကို ဆုပ်ကိုင်ထားလိုက်ပြီး ကုလီကို ထိုဓါးဖြင့် ညွှန်ပြလိုက်သည်။ နောက်လက်တစ်ဖက်မှ လက်နှစ်ချောင်းဖြင့် ဓါးသွားကို ထိထားလိုက်သည်။

ထို့နောက်တွင် ဓါးချီ သုံးခုတို့သည် သူ့ဓါးသွားတွင် ဖြတ်သန်းသွားခဲ့ပြီး သူ့ရှေ့တွင် လွင့်မျောနေသည့် ဓါးပုံရိပ်သုံးခုအဖြစ်သို့ ပေါင်းဆုံသွားခဲ့သည်။

ကုလီသည်  မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ အတွင်းစိတ်တွင် အနည်းငယ် ထိတ်လန့်သွားလေသည်။ ဒီဓါးသိုင်းက ဘာဓါးသိုင်းများလဲ .......။

အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ကုလီသည် သူမတို့မိသားစု၏ ဓါးသိုင်းကို ထုတ်ဖော်လိုက်သည်။

ကြီးမြတ်သည့် ဓားငါးလက်ကျင့်စဉ်.........။

သူမ၏ ဓါးကို အလျင်အမြန်ပင် ဝှေ့ယမ်းလိုက်ပြီး သူမ၏ ပုံရိပ်သည် ဝေဝါး သွားခဲ့ကာာ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ဓါးများကို ကိုင်ထားသည့် လူငါးယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့နောက် ဓါးချီများသည် ဖန်းဝမ်ထံသို့ လေမုန်တိုင်းတစ်ခုသဖွယ် ရောက်လာခဲ့လေသည်။ ဓါးချီများသည် ထက်ရှသော ဓားသွားငါးခု ကဲ့သို့ ဖန်းဝမ်ထံသို့ ဝင်လာခဲ့သည်။

ဖန်းဝမ်သည် ဓါးကို သူ့ညာဖက်လက်တွင်ကိုင်စွဲထားပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ကာ ရှေ့သို့ ထိုးထည့်လိုက်သည်။ သူ၏ ဓါးပုံရိပ် သုံးခုတို့သည် အေးစက်သော အလင်းတန်းသုံးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှေ့သို့ တိုးထွက်သွားခဲ့၏။

ဝုန်း.......။

သူတို့နှစ်ယောက်၏ ဓါးချီများသည် ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြသည်။ သန်မာသည်ဟုထင်ရသည့် ကြီးမြတ်သည့် ဓါးငါးလက်၏ ဓါးချီများသည် အလင်းတန်း သုံးခုတို့၏ တိုက်ခိုက်မှုအောက်တွင် ပြန့်ကျဲသွားခဲ့လေသည်။  ကုလီ၏ ဆံပင်များသည် လေနှင့်အတူ ဝဲလွင့်သွားသည်။ သူမ၏ မျက်လုံးများသည် ထိတ်လန့်မှုများကြောင့် ပြူးကျယ်သွားခဲ့လေ၏။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now