အခန်း (၄)

96 8 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း(၄) ပြင်ဆင်မှုများ

ခြောက်ရက်မြောက်နေ့ မနက်ခင်းတွင် ......

ကျိုးရွှယ်က ဖန်းဝမ်ကို လာရှာလိုက်သည်။ ထို့နောက် အခန်းအတွင်းဝင်သွားလိုက်ကြပြီး တံခါးကို ပိတ်ထားလိုက်ကြသည်။

ယနေ့တွင် ကျိုးရွှယ်သည် တင်းကျပ်နေခဲ့သည့် အနီရောင် ဝတ်စုံတစ်ထည်ကို ဝတ်ထားခဲ့လေသည်။ သူမကို ကြည့်ရသည်မှာ တက်ကြွ ရွှင်လန်းပြီး အားဖြစ်စေနိုင်သည်။

သူမသည် သူမခါတိုင်း တပ်ဆင်နေကြဖြစ်သည့် ခေါင်းထိန်းကြိုးများ ဆံပင်ညှပ်ကလစ်များကိုလည်း ဖြုတ်ထားခဲ့ပြီး သူမ၏ ဆံပင်များကို အနီရောင် ဖဲကြိုးလေးဖြင့် ချည်နှောင်ထားခဲ့သည်။။ သူမ၏ မျက်နှာလေးသည် လှပနေခဲ့ပြီး ကျက်သရေလည်း ရှိနေခဲ့သည်။

သူမက တကယ့်ကို အလှလေးပဲ .......။

ဖန်းဝမ် တွေးလိုက်မိသည်။ ထို့နောက် သူ ကျိုးရွယ်နှင့်အတူ ထိုင်လိုက်သည်။

ကျိုးရွယ် အိတ်ထဲမှ အထုပ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး “ ဒါက မွှေးရနံ့ အရိုးပျော့ ဆေးမှုန့်ပဲ ...... ကျွန်မကိုယ်တိုင် လုပ်ထားတာ။

ရှင့် ရန်သူကို ဒါနဲ့ဖြူးလိုက်။ သူတို့က ဒီအမှုန့်တွေကို ရှုလိုက်မိမယ်ဆိုရင် အသက်ရှုကြိမ်သုံးကြိမ်အတွင်းပဲ မြေကြီးပေါ်ကို လဲကျသွားလိမ့်မယ်။ ဒါပေမယ့် ဒီအမှုန့်က သိုင်းသမားတွေကိုပဲ အာနိသင်ရှိတာ........

ကျင့်ကြံသူတွေအပေါ်မှာ အလုပ်မဖြစ်ဘူး ။ တကယ်လို့ ရှင်သာ သူနဲ့တွေ့ခဲ့မယ်ဆိုရင်တော့ ထွက်သာပြေးပေတော့ “

ကျိုးရွယ်သည် သူမ၏ မိသားစုမှ ပထမဆုံးသော သူမကို ယုံကြည်သည့်လူကို နောက်နေ့ ညတွင်မသေဆုံးစေလိုပေ။

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now