အခန်း ၅

87 7 0
                                    

ပျင်းစရာ ရှန်းရှတပုဒ်

အခန်း (၅) ငါ့ရှေ့မှာတော့ မင်းကအဲ့လောက်ကြီး ထူးကဲတဲ့လူတစ်ယောက် မဟုတ်ပါဘူး (၁)

ခုနစ်ရက်မြောက်နေ့တွင် ဖန်းမိသားစုမှလူတိုင်းသည် ခြိမ်းခြောက်နေခဲ့သည့် အန္တရာယ်ကြောင့် ခံစားချက်များ သပ်မကောင်းဘဲဖြစ်နေခဲ့ကြသည်။ လူတိုင်း၏ စိတ်အာရုံများသည် တင်းကျပ်နေခဲ့ပြီး ဖိအားများနေခဲ့ကြသည်။

ည၏ ကောင်းကင်သည် ကြည်လင်နေခဲ့ပြီး တောင်ဖက်တောင်ကုန်းမြို့ပေါ်တွင် ချမ်းစိမ့်သော လေပြေအေးများ တိုက်ခတ်နေခဲ့သည်။ တခါတရံတွင်မူ ခွေးအူသံများကို ကြားရလေ့ရှိသည်။

ဖန်းဝမ်သည် ထိုင်နေခဲ့ပြီး သူ့လက်ထဲတွင် တန်ဖိုးကြီးသည့် ဓါးတစ်လက်ကို ကိုင်ထားခဲ့သည်။ ထိုဓါးကို လီကျူးက လွန်ခဲ့သော သုံးရက်က ဝယ်လာခဲ့ခြင်းဖြစ်သည်။ ထိုဓါးသည် ထက်ရှလှပြီး သံချောင်းများကိုပင် ရွှံ့တုံး တစ်ခု အလား ပိုင်းဖြတ်နိုင်ပေသည်။ အမှန်တကယ်ပင် ထူးကဲသည့် ဓါးတစ်လက်ဖြစ်လေသည်။

သူ၏အကြည့်သည် ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေခဲ့သည့် ပုံရိပ်တစ်ခုအပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုပုံရိပ်မှာ သူ၏ ဝမ်းကွဲတစ်ယောက်ဖြစ်သည့် ဖန်းဟန်ယုဖြစ်လေသည်။

ဖန်းဟန်ယုသည် ခေါင်မိုးထက်တွင် မားမားမတ်မတ် ရပ်နေခဲ့လေသည်။ သူသည် ဓါးတစ်လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး သူ၏ ပုံစံသည် လေးစားဖွယ်ကောင်းနေခဲ့သည်။ လေပြေညှင်း ကတိုက်ခတ်နေသဖြင့် သူ၏ဝတ်ရုံနှင့် ဆံပင်များသည် ဝဲလွင့်နေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ ကမ္ဘာကြီးကိုအနိုင်ယူတော့မည့် သူရဲကောင်းတစ်ယောက်နှင့် တူနေလေသည်။

“ ချီးကျူးစရာပဲ ၊ သူက သိုင်းလောက ရဲ့ ပထမအဆင့်ကို ရောက်နေခဲ့ပြီ။ အခုဆိုရင် သူက တကယ့်သိုင်းသမားတစ်ယောက် ဖြစ်နေပြီပဲ “

ပျင်းစရာရှန်းရှတပုဒ်Where stories live. Discover now