Unicode
ညနေကျတော့ မာမီတို့ရှိသည့် ဆေးရုံကို လိုက်ပို့ပေးသည်။ မာမီ့အမျိုးသားရဲ့ ခြေထောက်နှစ်ဖက်လုံး ထိပင်မဲ့ ရှပ်ထိသွားတာလောက်ဘဲမို့ မကြာခင် ကုသမှုသေချာခံယူလိုက်ရင် ပိုသက်သာလာမှာဖြစ်လို့ သိပ်တော့ စိုးရိမ်စရာမရှိပေ။
Jeon Henry နဲ့အတူ လူနာခန်းထဲဝင်လာတော့ မာမီ့မျက်နှာက သိပ်မကောင်းပေ။ Jeon Henry ကို အပါးကသာ လက်ခံပေးနေတာ။ မာမီက သိပ်လက်မခံဘူးဆိုတာ သိသာနေသည်။
"Jeon Henry က ဆေးရုံခကို ရှင်းပေးထားပါတယ်..မာမီ...ဒါကလည်း ကျွန်တော့်ဘက်က လုပ်နိုင်တာပါ..."
"ကျေးဇူးတင်ပါတယ် Taehyung...ဘယ်သူများမကျေနပ်လို့ လုပ်သွားလဲမသိပါဘူး...Sung Min ကောင်းတဲ့လူဆိုတာ သားလည်းသိတာဘဲမလား။"
ဘာမှမပြောချင်တာမို့ ခေါင်းငြိမ့်ပြလာသည်။ Jeon Henry က အလုပ်ကဖုန်းလာသည်မို့ အပြင်မှာ ဖုန်းသွားပြောနေတာဖြစ်သည်။ ဒါကြောင့်မို့ မာမီနဲ့ Taehyung နှစ်ယောက်တည်းသာရှိပြီး Sung Min က ဆေးကြောင့် အိပ်နေသည်မို့ Taehyung အတွက်နေရမခက်နေတာ။
တကယ်ဆို မျက်နှာချင်းတောင်ဆိုင်ချင်စိတ်မရှိနေတော့တာ။
Taehyung ရဲ့လက်ကလေးကို မာမီကဆုပ်ကိုင်လာသည်။ ရုန်းမထွက်သလို ဒီတိုင်းသာနေလိုက်ရင်း မာမီ့ကိုကြည့်လိုက်သည်။ ချစ်ပင်မဲ့ မာမီက သူမုန်းဖို့ကြိုးစားနေတဲ့သူတစ်ဦး။
"မာမီနဲ့မနေတော့ဘူးမလား...သားနဲ့ အဲ့ကောင်လေးနဲ့ကလည်း လက်မထပ်ရသေးဘူးလား..."
"မကြာခင်...အဲ့တာမို့ကြောင့် အိမ်ကို ပြန်မလာတော့ဘူး"
"မာမီက သားလက်မထပ်ခင် သားနဲ့အတူတူနေချင်တာ...Sung Min နဲ့လည်း ဒီကိစ္စပြောဖြစ်တယ်...လက်ထပ်ပြီးရင် မာမီတို့က အတူတူနေလို့မရတော့ဘူးလေ..."
"ကျွန်တော် Sung Min နဲ့အတူတူ မနေချင်တာမို့ မာမီ့စကားကို ကျွန်တော်လက်မခံပါဘူး...ဒါပေမဲ့ ကျွန်တော်မာမီ့ကိုတော့ မကြာခန လာတွေ့မှာပါ...အဲ့ထက်ပိုပြီး ကျွန်တော်ဖိအားမပေးပါနဲ့..."
"အဲ့ကောင်လေးကို အဲ့လောက်ချစ်တာဘဲလား..."
"ငယ်ငယ်ကတည်းက..."