အပိုင်း (၁၂)

219 4 0
                                    

String that bands with heart
အပိုင်း (၁၂)

"အင်း...ဟင့်..."

ထွက်ပေါ်လာသောညည်းသံအချို့နဲ့အတူ ဖုန်းScreenပေါ်ပြေးလွှားနေသော ပုံရိပ်အချို့ကြောင့် ထာဝရမေမျက်လုံးလေးဝိုင်းကာ အာရုံစူးစိုက်သွားရရင်း...

တံတွေးခဏခဏမြိုချကာ နှုတ်ခမ်းခဏခဏသက်နေမိသည်က ဘာကြောင့်မှန်းမသိ...

အရွယ်ရောက်ပြီးသားယောက်ျားလေးတိုင်း ဒီလိုမျိုးကားတွေကြည့်တတ်ကြတာသိပေမယ့် မောင့်ကိုတော့သူမထင်မထား...

'သူရော အဲ့လိုကားတွေကြည့်တာပဲလား? ´

အတွေးနဲ့အတူ ရေကျသံသဲ့သဲ့ကြားနေရသော ရေချိုးခန်းတံခါးဆီအကြည့်ရောက်ခိုက်...

အို!!...
ခါးတွင်တဘတ်အဖြူတစ်ထည်သာပတ်ထားတသာသူက အပေါ်ပိုင်းအဝတ်မဲ့နေကာ ရေချိုးပြီးစမို့ ခေါင်းကရေတွေကိုတဘတ်ဖြင့်သုတ်ကာထွက်လာ၏။

"မောင်__မောင်..."

အသံတုန်တုန်ယင်ယင်​လေးနဲ့ခေါ်​နေမိသောသူမက မဟုတ်တာလုပ်ထား၍ လူမိသွားသည့်အတိုင်း...

သူမအသံကြားမှ အမှု့မဲ့အမှတ်မဲ့ထွက်လာသောကောင်းမြတ်ရှင်းသန့်က အခန်းထဲသူမရှိနေမှန်း သတိထားမိသွားကာ...

"ရရ... နင်အခန်းထဲဘယ်လိုရောက်​နေတာလဲ?..."

"ဟို__ငါ__ငါ..."

လည်ချောင်းများခြောက်သွေ့ကာ ပြောစရာစကားများဆွ့အနေသောသူမက ခုမှ လက်ထဲမှဖုန်းကိုသတိရသွားကာ လက်ကလေးတွေနောက်ပစ်၍ အမြန်ဖွက်လိုက်သည်။

သို့တိုင်အောင် အသံများကဆက်လက်ထွက်ပေါ်နေဆဲဖြစ်ရာ...

"ဟင်!..."

ကောင်းမြတ်ရှင်းသန့် အလန့်တကြားနဲ့သူမကိုကြည့်လိုက်မိသည်။

သူမက မျက်တောင်ရှည်ကြီးတွေကိုတဖျက်ဖျက်ခတ်ကာ သူ့ကိုမျက်နှာလွှဲ၍ အောက်နှုတ်ခမ်းကိုဖိကိုက်ထား၏။
ဒါ သူမ,မဟုတ်တာတစ်ခုခုလုပ်ထား၍ မလုံမလဲဖြစ်ရင် လုပ်တတ်တဲ့အကျင့်...

"အင်း!!...."
ဆက်လက်ထွက်ပေါ်လာသောဖုန်းထဲကအသံတွေ...

စားပွဲပေါ်မျက်စိရောက်တော့ တင်ထားတဲ့သူဖုန်းကမရှိတော့...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now