အပိုင်း (၃၁)

486 11 1
                                    

String that bands with heart
အပိုင်း (၃၁)

တော်တော့! တော်ပါတော့!!.. ဆက်ပြီးမပြောပါနဲ့တော့!! သူလုံးဝသီးမခံနိုင်တော့ဘူး...

"ဘာဖြစ်လို့လဲမောင်...  ငါပြောတဲ့အထဲမှာ ဘာအမှားပါလို့လဲ "

မေးရက်တယ်...
သူမမေးရက်လိုက်တာ...

သူမရဲ့တန်ဖိုးကိုဟိုးအောက်ဆုံးအထိဆွဲချပြီး သူ့နှလုံးသားကို သတ်ဖို့ကြံရွယ်နေသည်က ဘာများမှားနေလို့လဲတဲ့...

မမှားပါဘူး...
သူမမမှားဘူး...
သူမကိုစူးစူးနစ်နစ်ချစ်မိနေတဲ့ ဒီကကောင်ကမှားတာ...

"နင်ငါ့ကိုလိုချင်ရင်အချိန်မရွေးယူလို့ရတယ်မောင်... ငါပေးနိုင်တယ်... ဒါပေမယ့် ဒီလက်ထပ်ပွဲကိုတော့နင်ငြင်းပေးပါ..."

"မေလေး!!..."

မြောက်တက်သွားတဲ့လက်ကလေးက  ပါးပြင်နုနုကိုမထိမိခင် လေထဲမှာသာရပ်တန့်သွားခဲ့သည်။ တကယ်ဆိုသူသိပ်ချစ်တဲ့သူမကို ရိုက်လိုက်ဖို့ထိမရည်ရွယ်...

သူမရဲ့ပါးပြင်နုနုလေးကို သူဘယ်လိုအင်အားနဲ့ထိရက်မည်လဲ...

သူမအသားနာရင် သူကပိုပြီးအသဲနာရသူပါ။ အထိခိုက်အပွန်းပဲ့မခံနိုင်လို့ လက်နဲ့တောင်မရွယ်ခဲ့ဖူးတဲ့သူက သူမရဲ့ဓားသွားထက်ထက်လိုကြောက်စရာကောင်းတဲ့စကားလုံးတွေအောက် ဒီအခြေအနေထိရောက်လာခဲ့ရသည်။

"ရိုက်လေ... နင်မရိုက်ရက်တော့ဘူးလား... အေး... ဒါပေမယ့် ဒီလပ်ထက်ပွဲကိုတော့ငြင်းပေး..."

မျက်လုံးလေးမှိတ်ထားကာ ပါးကိုထိုးပေးလာသောသူမ...
သို့ပေမယ့် သူ,မလုပ်ရက်ခဲ့ဘူး...
သူသိပ်ချစ်ရတဲ့သူမမို့...

"ဟာကွာ တောက်! ကဲကွာ!!. .. ကဲကွာ!!. "

စိတ်ရှိလက်ရှိဘေးနားကနံရံကို လက်သီးနဲ့ပစ်ထိုးပစ်သည်။ တစ်ချက် နှစ်ချက် အချက်ပေါင်းများစွာ...

သူမကို အနာကျင်မခံနိုင်အောင်ချစ်တတ်လွန်းတဲ့သူ့ကိုယ်သူအပြစ်ပေးတာ...

"မင်းတကယ်မလိုက်ဘူးလား? "

အေးစက်တင်းမာနေတဲ့လေသံက သူ့စိတ်ဒေါသတွေကို ဘယ်လောက်ထိတင်းချုပ်ထားရတယ်ဆိုတာသိသာစေသည်။ လက်ခုံကသွေးတွေဖျာထွက်လာကာ တလောကဒဏ်ရာတွေကလည်း အသစ်ပြန်ဖြစ်လာ၏။ တစ်ပတ်အတွင်း မကျက်သေးသောဒဏ်ရာတွေထက် ဒီရင်ဘတ်ထဲက ပို၍စုတ်ပျက်သတ်အောင်နာသည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now