အပိုင်း (၂၉)

507 11 1
                                    

String that bands with heart
အပိုင်း (၂၉)

မွေ့ယာပေါ်၌ ပူးကပ်အိပ်မောကျနေသောလူသားနှစ်ဦး...

ပြတင်းပေါက်မှ ဖြာကျနေသော မလင်းတလင်းနေရောင်​ခြည်အချို့ကြောင့် အရင်ဦးဆုံးလူးလွန့်နိုးလာသူက ထာဝရမေပင်။

လူကနိုးလာသော်ငြား မျက်လုံးကတန်းမဖွင့်နိုင်သေးပေ။ လူကနုန်းချိပင်ပမ်းနေကာ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုညောင်းညာကိုက်ခဲနေ၏။

/သူမဘာဖြစ်နေတာလဲ?/

အတွေးမဆုံးခင် သူမခါးကိုတစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့အထိအတွေ့ကိုခံစားလိုက်ရသည်။

သူမဘယ်ကိုရောက်နေတာလဲ?
ဟင့်အင်း... မဟုတ်သေးဘူး...
တစ်နည်း သူမ ဘယ်သူ့ရင်ခွင်ထဲကိုရောက်နေတာလဲ?

သန်မာတဲ့လက်တွေကရစ်ပတ်နှောင်ဖွဲ့ထားတာ သူမတစ်ကိုယ်လုံး ထိုလူရဲ့ရင်ထဲနစ်ဝင်မြုပ်မတတ်...

ကျောပေးပြီး ပူးကပ်အိပ်နေတဲ့အနေအထားမို့ အသားချင်းထိတွေ့နေမိတဲ့နေရာက ထိုလူရဲ့ကိုယ်ငွေ့နွေးနွေးကိုရနေသည်။

သူမ.... သူမက... သူမလိုပဲ အဝတ်မဲ့နေသောလူတစ်ယောက်ရဲ့ရင်ခုန်ထဲကိုရောက်နေတာ။

ဟာ!
ခေါင်းထဲ မိုးခြိမ်းသံကဲ့သို့ အချက်ပေးသံများဆူညံသွား၏။

အလန့်တကြားခါးပေါ်ကလက်ကိုဆွဲဖယ်လိုက်စဥ် မြင်လိုက်ရသည်က အဝတ်အစားကင်းမဲ့နေသော သူမရဲ့ခန္ဓာ...
ပြီး ဝမ်းဗိုက်နဲ့ရင်ဘတ်ပေါ်က အနီကွက်တွေ...

"ဟင့်အင်း! မဟုတ်ဘူး! "

သူမလူးလွန့်ရုန်းကာ ကုတင်ပေါ်ကကုန်းရုန်းထလိုက်သည်။ ကုတင်ခြေရင်းမှာပုံကျနေသော သူမရဲ့အဝတ်အစားတွေကို အရှက်လုံအောင်ကောက်ယူဝတ်လိုက်ပြီး သူမအတုန်လှုပ်ကြီး တုန်လှုပ်နေမိသည်။ သူမတော့ဘဝပျက်ပြီ။

ခန္ဓာကိုယ်ကနာကျင်​ကိုက်ခဲနေ​သော်​ငြား ထိုနာကျင်မှု့ကိုဂရုမပြုနိုင်ဘဲ ညကအကြောင်းတွေကိုသာ ထပ်ခါတလဲလဲစဥ်းစားနေမိသည်။ ပါးပြင်ပေါ်စီးကျနေသောမျက်ရည်စတွေကို ဖယ်သုတ်ပစ်လိုက်ဖို့ လက်တွန့်နေခဲ့တာအမှန်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now