အပိုင်း (၂၁)

251 6 0
                                    

String that bands with heart
အပိုင်း (၂၁)

"တီလေး..."

ဟင်းချက်နေတဲ့အနားလာကာ အချွဲပိုနေတဲ့ကောင်မလေးကြောင့် ဒေါ်သက်ထားပြုံးနေမိသည်။ အိမ်မှု့ကိစ္စလုပ်နေသောသူမနောက်ကို မနက်ကတည်းက တကောက်ကောက်လိုက်ကာ တူမလုပ်သူကအချွဲပိုနေ၏။

"ဖယ်ဦး! တီလေးကချွေးတွေနဲ့... သမီး အကျီ တွေအနံ့ကူးကုန်လိမ့်မယ်..."

"ဟင့်အင်း..."

ဟင်းအိုးမွှေနေတာကို နောက်ကနေခါးကိုသိုင်းဖက်ထားတာမို့ လက်နုနုကလေးတွေကို ညင်သာစွာဆွဲဖြုတ်ပေမယ့်မရ။

"ရရ ဘာဖြစ်နေတာလဲ? တီလေးကိုလွှတ်ဦး..."

"ဟင့်အင်း..."

"ဪ... ဒီကလေးနှယ်..."

မနက်ကလည်း မနိုးစဖူးအစောကြီးထကာ သူမနဲ့အတူစျေးလိုက်လာ၏။ ဘုရားပန်းလဲတော့လည်း ကောင်မလေးတွေနဲ့အတူဝိုင်းကူလုပ်ပေးနေကာ နောက်ကတကောက်ကောက်။ သူမနဲ့အတူ ဘုရားခန်းထဲနာရီဝက်လောက် ဘုရားပါထိုင်ရှိခိုးနေလိုက်သေးသည်။ ခုလည်း မီးဖိုခန်းထဲအထိ...

ဒီကောင်မလေး လူကိုဒီလောက်ကပ်တွယ်နေတာ အကြောင်းတော့ရှိရမည်။

ပူဆာစရာရှိမှ အနားကပ်တဲ့ကိုယ့်တူမလေးအကြောင်းလည်းကိုယ်အသိ...
အလိမ္မာတုံးလေးဆိုတော့...

"တီလေး... ဟို__ဟိုလေ ရရကားမောင်းချင်လို့..."

"ဘာရယ်!! ဘုရား! ဘုရား!.."
ဒေါ်သက်ထား ရင်ဘတ်ကလေးကိုလက်နဲ့ဖိ၍ ပင့်သက်ရှိုက်သည်။ ဘုရားတမိတဲ့အထိကို သူမအာမေဋိတ်အသံကကျယ်သွား၏။

"ရရ... ညည်းခုနကဘာ​ပြောလိုက်တာလဲ? ငါ့ကိုပြန်ပြောစမ်း!.."

"တီလေးကလည်း လုပ်ပါ... ဟို...ပါးတို့ရှိရင်ရရကိုခွင့်ပြုမှာမဟုတ်ဘူး... "

ကိုကြီးကဘန်ကောက်မှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် တစ်လခွဲလောက်ကြာမှာမို့ မမကိုပါ အပါခေါ်သွားသည်။ အိမ်မှာ သူမနဲ့ရရနှစ်ယောက်တတည်း။ အလုပ်သမားတွေတော့ရှိတာပေါ့...

ရရတို့ကဒီအခြေအနေကို ဘယ်အချိန်ကတည်းကချောင်းနေတယ်မသိ။
ကိုကြီးတို့မရှိတာကိုအခွင့်ကောင်းယူကာ အခွင့်အရေးသမားလေးက သူမကိုအပိုင်ချုပ်ဖို့ကြိုးစားနေ၏။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now