အပိုင်း (၃၈)

400 17 1
                                    

နှလုံးသားဖြင့်ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၃၈)

"ဟိတ်ယျောင်ရှင်းသန့်... မင်းအခုဘယ်မှာလဲ? ကုမ္ပဏီမှာပဲရှိသေးတာလား? "

မဆက်စဖူး တမန်က ညနေဘက်ဖုန်းဆက်တာကြောင့် ကောင်းမြတ်ရှင်းသန့်တွေသွားသည်။

လချုပ်စာရင်းတွေစစ်အပြီး အိမ်ပြန်ဖို့ စီစဥ်စားပေးမယ့် အလုပ်အတူတွဲလုပ်နေတဲ့ဝန်ထမ်းတွေက ညစာစားပွဲကိုပါလိုက်ခဲ့ဖို့အတင်းခေါ်နေတာကြောင့် မလွှဲသာမရှောင်သာ၍ လိုက်လာခဲ့ရသည်။ ကိုယ်ကဒီမှာထိုင်နေပေမယ့် စိတ်ကတော့ သူမဆီမှာသာပျံ့လွင့်နေ၏။

အိမ်ကိုဖုန်းဆက်ပြောထားပေမယ့် သူစိတ်မချ။ မိပုနဲ့သာတိုးသည်။ သူဖုန်းဆက်တိုင်းမကိုင်တဲ့သူမကြောင့် အိမ်ဖုန်းကိုသာခေါ်ရသည်။

"အေး ဟုတ်တယ်... ငါအခု Hotpot. ဆိုင်မှာ...  ကုမ္ပဏီကလကုန်ညစာစားပွဲရှိလို့အိမ်မပြန်ရသေးဘူး..."

"အဲ့ဒီဘက်ကဆူနေတယ်..."

"အေး ခဏကိုင်ထားဟိတ်ကောင်... ငါနေရာရွေ့လိုက်ဦးမယ်..."

ဖုန်းကိုကိုင်၍ လူရှင်းတဲ့ဘက်ထွက်လာရသည်။

ညစာစားပွဲက သူတို့ဌာနတစ်ခုလုံးကကျင်းပတာကြောင့် တစ်ဆိုင်လုံးအပြတ်ဌားထားကာ ဆိုင်ထဲသူတို့လူတွေသာရှိသည်။ သောက်ကြစားကြ ပျော်ကြပါးကြမို့ ဆိုင်ထဲမှာဖုန်းပြောလို့အဆင်မပြေသည်အထိ ဆူညံနေ၏။

"အေးတမာန်... ရပြီပြောတော့..."

"............"

ပြောတော့ဆိုပေမယ့် တမာန်ကအသံတိတ်နေတာကြောင့် ကောင်းမြတ်ရှင်းသန့်စိတ်မရှည်။

"တမာန်! ဟိတ်ကောင်! မင်းဘာပြောစရာရှိတာလဲ? ပွင့်ပွင့်လင်းလင်းပြော..."

ခဏအကြာအသံတိတ်နေပြီးမှ တစ်ဖက်ကအသံထွက်လာ၏။ သို့သော် တမာန်ရဲ့အသံတော့မဟုတ်။ ဘုန်းမြတ်ကဘာမှမပြောတဲ့တမာန်ကြောင့် စိတ်မရှည်၍ ဆွဲယူပြောလိုက်ခြင်းဖြစ်သည်။

"မင်းမိန်းမ အခု Club. မှာအခြားကောင်တွေနဲ့တွဲကနေတယ်... "

"ဘာ?! ရရက..."

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now