အပိုင်း (၃၉)

381 9 0
                                    

နှလုံးသားဖြင့်ရစ်ပတ်ဖွဲ့နှောင်၍...🚨
အပိုင်း (၃၉)

A little warning...
(မီးနီပါတာမို့ (16)နှစ်မပြည့်သေးတဲ့ကလေးတွေကျော်သွားပါနော်...
ဒီအခန်းမှာ MCရဲ့ Possessive vibe မိမိုက်နေမှုကြီးနဲ့ dark side.ကိုတွေ့ရမှာမို့ပါ)

"မောင် နင်ဘာတွေလုပ်နေတာလဲ? "

ရရမေးလိုက်ပေမယ့် မောင်က​ပြန်မဖြေ။ ရရကိုလည်းကြည့်မ​နေဘဲ ထိုလူ့ဆီကိုသာအာရုံ​​တွေစူးစိုက်ထားသည်။

"နာလား..."

အေးတိအေးစက်နဲ့တိုးသက်သက်လေသံက ကြားရသူအဖို့ ကျောပင်စိမ့်ချမ်းလာ​စေ၏။

ထိုလူကလဲကျနေရာမှ ခေါင်းတဆတ်ဆတ်ညိမ့်ပြသည်။
ခေါင်းကနေသွေးတွေစီးကျနေကာ စကားပင်ပြန်မပြောနိုင်တော့။

လဲကျနေတဲ့သူအနား ဒူးတစ်ဖက်​ထောက်ထိုင်ချလိုက်ကာ လည်ဂုတ်ကကိုင်၍ သူနဲ့အကြည့်ချင်းဆုံစေလိုက်ရင်း...

"ငါလည်းအဲ့လိုပဲ အရမ်းနာတယ်... ဒီရင်ဘတ်ထဲက..."

မောင်ကတော့ ရရကြည့်ဖူးတဲ့စိတ္တဇကားတွေထဲက သွေးအေးရက်စက်တဲ့လူသတ်သမားတွေလိုပဲ...

ရုတ်ရုတ်သဲသဲဖြစ်ကုန်တဲ့အခြေအနေတွေကြောင့် အားလုံးလှုပ်ရှားမှု့တွေရပ်တန့်ကုန်ကာ ခုနကဆူညံမြူးကြွနေတဲ့ကလပ်က တီးလုံးသံတွေ ရုတ်ချည်း တိတ်ကျသွား၏။

"မင်းငါ့ရဲ့အပိုင်လေးကိုထိတော့ ငါလည်းအဲ့ဒါထက်ပိုခံစားခဲ့ရတာ... အဟွန်း! မင်းအခုပတ်သက်ဖို့ကြိုးစားနေတဲ့သူက ငါ့ရဲ့မိန်းမ..."

မောင်ကမျက်လုံးမလွှဲစိုက်ကြည့်ရင်းပြောသည်။ ထိုလူကတော့ မျက်နှာတစ်ခုလုံးဖြူစုတ်နေကာ သတိလစ်မတတ်။

သွေးထွက်လွန်နေတာမို့ ရရထိုလူအတွက်စိတ်ပူလာ၏။ အဲ့ဒီလူသာတစ်ခုခုဖြစ်ရင် မောင်ကအ​ချောင်ဒုက္ခရောက်မှာ...

"နာမှာကြောက်ရင် မင်းငါ့အပိုင်ကိုမထိခဲ့သင့်ဘူး..."

အေးစက်စက်ထွက်ပေါ်လာတဲ့စကားသံက ကြောက်စရာကောင်းတာထက်ပိုသည်။

အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားတဲ့ကလပ်က မောင့်ပုံစံလောက်တော့ ခြောက်ခြားစရာမကောင်း...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now