အပိုင်း(၂၈)မှ အခန်းဆက်...
ခုအခြေအနေနဲ့ သူနောက်မဆုတ်နိုင်တော့တာသေချာသွားပြီးတဲ့နောက်...
ဗြီး!!...
ပွင့်ကျသွားသော သူမရဲ့အကျီ နောက်ဇစ်ကလေး...ထိန်းချုပ်ရခက်သောအသိစိတ်တစ်ချို့ကို သူကင်းလွတ်ခွင့်ပေးလိုက်သည်။
'မင်းကိုသာပိုင်ဆိုင်ရရင် ကိုယ်လူယုတ်မာလည်းအဖြစ်ခံနိုင်တယ်မေလေး...´
မွတ်သိပ်တမ်းတသောအနမ်းတွေက သူမကိုယ်ပေါ်နေရာအနှံ့ ပျံ့ကျဲကျလာ၏။
"အ့! မောင်!..."
ရရရဲ့နာနာကျင်ကျင်ညည်းသံတွေက သူ့အနမ်းကုဋေကဋာအောက် ပျောက်ရှသွားခဲ့ရသည်။'ချစ်တယ်မေလေး...´
/အချစ်ကိုမယုံကြည်တဲ့မင်းအတွက် ချစ်တယ်လို့ကိုယ်ထုတ်မပြောတော့ဘူး...
မင်းလက်ခံယုံကြည်လာအောင် အလုပ်နဲ့ပဲကိုယ်သက်သေပြတော့မယ်.../(ဟေး ယူတို့...
အလုပ်နဲ့သက်သေပြမယ်ဆိုတာ youတို့ထင်သလိုဟိုကိစ္စကိုပြောတာမဟုတ်ဘူးနော်...
သူပြောချင်နေတာက သူ့ချစ်သူကောင်မလေးကိုအလိုလိုက်အကြိုက်ဖြည်းဆည်းပေးပြီး သူ့ရဲ့အချစ်ကိုထုတ်ဖော်မပြောပြဘဲ လက်ခံယုံကြည်လာအောင်လုပ်မယ်ပြောတာနော်...
တော်ကြာ youတို့တစ်မျိုးထင်နေမှာစိုးလို့...
ရှင်တို့ရဲ့အမှောင်တွေးတွေ ကျွန်မသိတယ်...)အိမ်မက်တွေအကောင်အထည်ဖော်ရန် အရင်ဆုံးနည်းလမ်းက သူမကိုသူပိုင်ဆိုင်ထားမှဖြစ်မှာမို့...
အမြတ်တနိုးထားရတဲ့တော်ဝင်ပန်းလေးမို့ လက်လွတ်စပယ်မခူးခြွေရက်ပေမယ့် ယုယစွာ၊မိုက်မဲစွာ ဆွတ်ခူးပစ်ခဲ့မိသည်...
စိတ်ချပါချစ်ရသူ...
မောင်ကခဏတာမဟုတ်ဘဲ တစ်ဘဝစာယုယမြတ်နိုးပြီးသစ္စာရှိရှိချစ်ပေးသွားမှာမို့ မင်းကမောင့်အချစ်တွေကို လက်ခံပေးရုံပါပဲ...ထို့နောက်...
ရပ်တန့်ဖို့ရာစိတ်ကူးမရှိသောသူ့အတွက်...
စွတ်ပျံ့ဖွယ်အိပ်မက်ကလေးနောက်လိုက်ရင်း ရင်ခုန်ယစ်မူးဖွယ်အနမ်းကဋေကဋာနဲ့ ကြာညောင်းတာရှည်ခဲ့သောညတစ်ည...
YOU ARE READING
နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
Romance"နင်သူနဲ့တွဲတာ သုံးရက်တောင်မပြည့်သေးဘူးလေ..." အဲ့ဒါဘာဖြစ်လဲ? ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့... ငါက ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကများ တစ်ပတ်ထက်ပိုတွဲဖူးလို့လဲ... ဒီမှာမောင် ရည်းစားဆိုတာ ပီကေလိုပဲ... စားခါစကချိုတယ်၊ ကြာလာရင်တော့ အချိုပေါ့ပြီးအရသာမရှိ...