အပိုင်း (၄၁)

330 7 0
                                    

နှလုံးသားဖြင့်ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၄၁)

ဆေးရုံခန်းလေးထဲ ဝင်လိုက်တယ်ဆိုရင်ပဲ အရက်ပျံနဲ့ပိုးသတ်ဆေး​နံ့က သူ့ကိုဆီးကြို၏။

VIP room.ကိုယူထားတာကြောင့် ပြင်ပဆောင်တွေလို လူနာတွေကြပ်ညှပ်ခတ်မနေဘဲ အခန်းကျယ်တစ်ခန်းကို အထူးလူနာတစ်ယောက်သာထားရှိသည်။ မျက်စိရှုပ်နားရှုပ်သက်သာာမို့ အဆင်ပြေလှပေမယ့် မတတ်နိုင်တဲ့သူတွေအတွက်တော့ စိတ်မကောင်း။

"သက်သာရဲ့လား..."

ကုတင်ပေါ်ငုတ်တုတ်ထိုင်နေတဲ့ဘုန်းမြတ်ကခေါင်းငြိမ့်ပြသည်။

"မြင်တဲ့အတိုင်းပဲ... အလတ်ကြီးရှိသေးတယ်.. ဘာမှစိတ်ပူမနေနဲ့! ဒီ​ကောင်လွယ်လွယ်မသေဘူး..."

"မသာကောင်..."

ကျော်စွာရဲ့စကားကြောင့် ကုတင်ပေါ်မှာရှိနေတဲ့ဘုန်းမြတ်ဆီက ထောပဋာပြုသံထွက်လာ၏။ တမာန်ကပန်းသီး​တွကို အခွံခွာနေရင်းပြုံးသည်။

တကယ့် မတည့်အတူနေ နှစ်ကောင်ပါလေ...

"တွေ့လားရှင်းသန့်... အကောင်းကြီးပါလို့ငါပြောသားပဲ... နောက်ထပ် ​ဗိုက်ကိုဓားနဲ့ငါးချက်လောက် ဆောင့်ထိုးပစ်လို့ရသေးတယ်..."

"ခွေးကောင်!.. အခုမှဒဏ်ရာကသက်သာခါစရှိသေးတယ်... မင်းပါးစပ်ပုတ်ကြီးနဲ့... လူကိုမဦးမချွတ်... အိမ်သာထဲကရေနဲ့ သွားပလုတ်ကျင်းချည်... သွား!.."

အချင်းချင်း ပုံမှန်အချိန်ကလိုပဲ စနောက်နေကြတာကြောင့် ကောင်းမြတ်ရှင်းသန့်ပြုံးမိသည်။ ဒီသူငယ်ချင်းတွေက သူ့အတွက်တော့ ဘုရားပေးတဲ့ဆုလာဒ်...

ကလပ်မှာရန်ဖြစ်ကြတဲ့ညက ဟိုဘက်ကမနိုင်မှန်းသိ၍ ညစ်ကာ ဘုန်းမြတ်ရဲ့ဗိုက်ကို ဓားနဲ့ထိုးသွားကြသည်။ ရှပ်ထိဆိုပေမယ့် သွေးတွေအရမ်းထွက်နေကာကြောင့် ဆေးရုံတင်လိုက်ရ၏။

ဆိုင်ရှင်ဖုန်းဆက်ထားလို့ရောက်လာတဲ့ရဲတွေကတော့ အားလုံးကိုစခန်းခေါ်ကာ ဓားသုံးမှု့နဲ့ တစ်ဖက်ကိုအချုပ်ထဲထည့်ထား၏။ ကျော်စွာနဲ့တမာန်ကတော့ အချုပ်ထဲသုံးရက်လောက်အိပ်ခဲ့ရသည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now