အပိုင်း (၁၉) မှ အဆက်...

385 7 0
                                    

အပိုင်း (၂၉)မှအဆက်...

"မောင် အရင်ဆုံးဆေးဆိုင်တစ်ခုရှေ့ရောက်ရင် ကားရပ်ပေးဦး... ငါနေလို့သိပ်မကောင်း ဟင်__"

အခန်းထဲကအထွက် ဧည့်ခန်းဘက်ဆက်တီခုံပေါ်ထိုင်နေကြသောနှစ်ဖက်မိဘများ၊ တီလေးလည်းပါတယ်။

ရရမျက်လုံးအစုံဝိုင်းစက်သွားကာ မျက်လုံးပြူးလေးနဲ့ မောင့်ကိုကြည့်လိုက်သည်။ မောင်ကတော့ သူမကိုမကြည့်။ မျက်နှာခပ်လွှဲလွှဲသာ။

သူမလူကြီးတွေအနားခပ်ရို့ရို့လေးလျှောက်သွားလိုက်ရင်း...

"ပါးတို့ မားတို့က__ ဒီကိုဘယ်လိုလုပ်? တီမေတို့ကရော..."

ခွပ်!!
သူမစကားမဆုံးခင် ဦးဖေကခုံမှထကာ သူမကို​ကျော်ဖြတ်လျှောက်သွားရင်း နောက်မှမောင်ဆီသို့တစ်လွှားလွှားသွားကာ မောင့်မျက်နှာကိုထိုးချပစ်လိုက်သည်။

ခွပ်!!
နောက်ထပ်တစ်ချက်...
ပထမတစ်ချက်က မောင့်မျက်နှာလည်ထွက်သွားရုံဆိုပေမယ့် နောက်တစ်ချက်မှာ မောင်ကြမ်းပြင်ပေါ်လဲပြိုကျသွားသည်။ သူမနေရာမှာပင်

အကြောင်သားရပ်ငေးကြည့်နေမိရင်း အခြေအနေကိုနားမလည်နိုင်။ သူမတစ်သက်မှာ ဦးဖေဒီလောက်ဒေါသထွက်တာ တစ်ခါမှမတွေ့ဖူးဘူး။

အမြဲတမ်း အေးရာအေးကြောင်းပြုံးပျော်နေတတ်တဲ့ဦးဖေက မောင့်ကိုအခုလိုထိုးကြိတ်ဖို့နေနေသာသာ လက်သီးနဲ့တောင်ရွယ်ဖူးတာမဟုတ်ဘူး။

မောင်က လဲကျနေရာမှပြန်ထလာကာ ဦးဖေရှေ့မတ်တပ်ပြန်ရပ်သည်။ အောက်နှုတ်ခမ်းပေါက်သွားပြီး နှာခေါင်းသွေးများလည်းလျှံကျလာ၏။ သူမတီမေကိုလှမ်းအကူအညီတောင်းချင်ပေမယ့် တီမေကလည်း သူမကိုမျက်နှာလွှဲကာ ခေါင်းငုံ့နေသည်။ ပါးနဲ့မားကလည်းမျက်နှာမကောင်း...

"ကဲကွာ..."

ခွပ်!!

"မိဘမျက်နှာကိုအိုးမဲသုတ်တဲ့ကောင်..."

မောင်ကြမ်းပြင်ပေါ်ပြန်လဲကျသွား၏။ တီမေကလည်း ဝင်မဆွဲ။ ကြာတော့ သူမ,မနေသာတော့ဘဲ လဲကျနေသောမောင့်ကိုပြေးထူကာဝင်ဆွဲရတော့သည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now