အပိုင်း (၃၀)

429 10 0
                                    

String that bands with heart
အပိုင်း (၃၀)

"အိုး လှလိုက်တာ! ကိုကောင်းကအရမ်းအရွေးတော်တာပဲ... ကြည့်စမ်း! "

သော်တာရဲ့ချီးမွမ်းခန်းဖွင့်သံက အလှပြင်ခန်းထဲ ကျယ်လောင်စွာထွက်ပေါ်လာ၏။ သိပ်လှလွန်းတဲ့သတို့သမီးလေးကတော့ အလှပြင်ခုံပေါ်မှာ အသက်မပါစွာငြိမ်သက်နေသည်။

"ကဲ အားလုံးပြီးပြီ... တို့တာဝန်ကျေသွားပြီနော်..."

မိတ်ကပ်ပြင်ပေးတဲ့မာမီက ရရရဲ့မျက်နှာလှလှလေးကို ဟိုလှည့်ဒီလှည့်ဖွဖွလေးတို့ထိစစ်ကြည့်နေရင်း ကျေနပ်ပီတိဖျာကာတပြုံးပြုံး...

"ရှင်တို့ရဲ့သတို့သမီးလေးကိုစောင့်ပေးလိုက်ဦး... တို့သွားတော့မယ်... ဗိုက်ဆာနေပြီ... မနက်ကတည်းက ဘာမှမစားရသေးဘူး... သတို့သားကအချိန်မမီမှာစိုးလို့တဲ့... ဇွတ်တွေဖြစ်နေတာရှင်ရေ့... ခမ်းမထဲတစ်ခုခုသွားစားလိုက်ဦးမယ်... အကြောင်းရှိရင် တို့ကိုဖုန်းလှမ်းဆက်ပြီးသာခေါ်လိုက်..."

မာမီကပြောကာ သူ့တပည့်မလေးနှစ်ယောက်နဲ့ အခန်းထဲကထွက်သွား၏။

ကိုယ်လုံးပေါ်မှန်ရှေ့ထိုင်နေတဲ့ သတို့သမီးလေးကတော့ ကြောက်ရုပ်လေးလို...

အဝတ်အစားကအစ အပြင်အဆင်ကအဆုံးအရုပ်ကလေးလိုလှပနေသောသူငယ်ချင်းကိုကြည့်ရင်း အားလုံးကအားကျပီတိဖျာနေကြသောမျက်ဝန်းတွေဖြင့်။

"ကြည့်ပါဦး! အရုပ်ကလေးကျနေတာပဲ... အရင်ကတည်းကချစ်ဖို့ကောင်းပေမယ့် ခုလိုပြင်လိုက်တော့ပိုပြီးချစ်စရာကောင်းတယ်... ရှု့မငြီးဘဲ..."

​သော်တာက ရရရဲ့မျက်နှာလှလှလေးကို အနီးကပ်စိုက်ကြည့်ရင်း တဖွဖွရေရွတ်သည်။

"ကိုကောင်းကတကယ်ကြီးနော်... ရရရဲ့ခေါင်းအစခြေအဆုံး သူပဲတာဝန်ယူတာတဲ့... ဖိနပ်တောင် သူကိုယ်တိုင်ရွေးပေးထားတာကြည့်..."

ဆုမြတ်ကပါ အားကျမခံ ကောင်းမြတ်ရှင်းသန့်ကိုအမှတ်ဝင်ပေးသည်။

"အိုး! တကယ်ကြီး... တို့သူငယ်ချင်းတော့ကံကောင်းတာပဲ... ဒီလိုကောင်လေးမျိုးရတာ..."

ကောင်းမြတ်ရှင်းသန့်ကို တစ်ဖက်သတ်ကြိုက်ခဲ့ဖူးသော သော်တာကပါ ဝင်ထောက်ခံ​ပေးနေတာမို့ ရရမနေတတ်တော့။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now