အပိုင်း (၂၂)

236 4 0
                                    

String that bands with heart
အပိုင်း (၂၂)

"ရရaccidentဖြစ်တယ်"ဆိုတဲ့ အန်တီလေးစကားကြားသည်နှင့် လူကဘယ်လိုကဘယ်လိုဒီဘက်ခြံကို​ရောက်လာခဲ့သည်မသိ...

အိမ်နေရင်းစီးညှပ်ဖိနပ်လေးနဲ့ ပြေးထွက်လာခဲ့တာကဖရိုဖရဲ...
ဘာမှလည်းမစဥ်းစားနိုင်အားပါ။ လူကပူထူနေကာ သူမအတွက်စိုးရိမ်စိတ်တစ်ခုသာရှိသည်။

အန်တီလေးကဘာမှမဖြစ်ဘူးပြောပေမယ့် လူကပူပန်စိတ်သာကြီးစိုးနေပြီး သောကလှိုင်းက ရင်ထဲအလုံးအရင်းနဲ့ တိုးဝင်ဆောင့်​နေ၏။ လူကိုနေမထိထိုင်မသာဖြစ်အောင် အတော်လုပ်တဲ့မိန်းကလေး...

စိုးရိမ်စိတ်ကတစ်ဖက်၊ကရုဏာဒေါသကတစ်ဖက်နဲ့ သူမကိုစိတ်လည်းဆိုးချင်ချင်ပါ။ ဆိုးလွန်းတဲ့သူမကို နောက်ထပ်ဘယ်မှမသွားနိုင်တော့အောင် အိမ်ထဲမှာသာဖမ်းချုပ်ထားလိုက်ချင်တော့သည်။

တီလေးစကားကြားလျှင်ကြားချင်း လူကဘယ်လောက်အပူမီးမြိုက်သွားတယ်မှတ်လဲ။ ဒါတွေလည်း ဒီမိန်းမဆိုးလေးကနားလည်မည်မဟုတ်။ ရောက်ရောက်ချင်း အပေါ်ထပ်ကသူမအခန်းဆီသို့သာ တန်းတက်သွားလိုက်ပြီး...

ဘုန်း ဘုန်း! ဘုန်း ဘုန်း ဘုန်း!!...

"ရရ! ဟေ့ရရ တံခါးဖွင့်စမ်း!..."

အသံကနောက်ကျသည်။ လက်ကိုင်ဘုကိုတွန်းဖွင့်ပေမယ့် တံခါးကိုလော့ခ်ချထားတာကြောင့် စိတ်မရှည်တတ်သည့်အလျောက် မညင်သာသောတံခါးထုခြင်းအဖြစ်သို့ရောက်၏။

"ရရ!... "

ကျွီ!!...
ထပ်ထုရန်ရွယ်လိုက်သောလက်က ပွင့်သွားသောတံခါးချပ်ကြောင့် လေထဲမှာတန်းလန်း...

"ကျစ်! ​မောင်ဘာလဲဟာ..."

ဆံပင်စုတ်ဖွားနဲ့ကောင်မလေးက ပန်းနုရောင်ညအိပ်ဂါဝန်လေးကိုဝတ်ထားပြီး ချစ်စရာကောင်းစွာထွက်​ပေါ်လာ၏။

ဟိုကအပြန် လူကနုန်းလာတာကတစ်ကြောင်း၊မနက်အစောထထားတာကတစ်ကြောင်း လူကပင်ပမ်းကာ​ပြန်အိပ်နေသည်ကို လာနှောက်ရှက်သောမောင့်ကြောင့် ရရတံခါးဖွင့်​ပေးကာ ငြူငြူစူစူပြန်ဖြေမိသည်။

တံခါးဖွင့်မပေးလို့လဲမရ။ တံခါးဖွင့်မ​ပေးမချင်း တံခါးပျက်မတတ် ​မောင်ကအပြင်ကနေတဘုန်းဘုန်းထုရိုက်နေ၏။

အိပ်ယာကထလာတာမို့ လက်တစ်လုံးဂါဝန်ကြိုး​​လေးတစ်ချောင်းက ပုခုံးတစ်ဖက်ထိလျောကျနေကာ ဖြူဖွေးနေတဲ့ရင်ညွှန်းလေးတွေကို အတိုင်းသားမြင်နေရသည်။ မမြင်အပ်မတွေ့အပ်တဲ့နေရာလေးတွေရော...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now