အပိုင်း (၁၃)

385 8 0
                                    

String that bands with heart
အပိုင်း (၁၃)

"အဟွန်း ကိုကောင်းကချောလိုက်တာ... လုံးဝငါ့အကြိုက်ပဲ..."

ဖုန်းထဲကဓါတ်ပုံတွေကို​ကြည့်ရင်း သော်တာတစ်ယောက်စိတ်ကူးနဲ့တင် ရွှင်မြူးနေတော့သည်။ ဒီပုံတွေက သူမရရဆီကတောင်းထားတာ။

ဟုတ်၏။ သူမသည်ကောင်းမြတ်ရှင်းသန့်ကိုတိတ်တခိုးလေးသဘောကျနေတာဖြစ်သည်။

ကိုးတန်း၊ဆယ်တန်း အဆောင်မှာနေကတည်းက ရရဆီမကြာခဏ​ရောက်လာကာ မုန့်ဆိုမုန့်၊သရေစာဆိုသရေစာ ရရပူစာသမျှ ဘာကိုမှမညိုမငြင်၊မငြီးမညူဘဲလာရောက်ဖြည့်ဆည်းပေးတတ်တဲ့ကောင်းမြတ်ရှင်းသန့်ကို သူမကြိတ်ကြွေခဲ့ရတာ...

ရုပ်ရည်ချောမောရုံသာမက တည်ကြည်ခန့်ညားပြီး အရပ်ရှည်ကြီးနဲ့ယောက်ျားပီသလွန်းတဲ့သူ့ကို အဆောင်လာတိုင်း သူမလိုက်လိုက်ကြည့်ရတာအမော။

မသိမသာသော၊သိသိသာသာရော ခိုးငေးတတ်လွန်းလို့ သူငယ်ချင်းတွေကတောင်ရိပ်မိကုန်ကြတာပဲကြည့်။ ရရဆီက သူအဆောင်လာမယ့်သတင်းကြားတာနဲ့ အင်္ကျီရွေး၊အလှပြင်တာနဲ့ကို သူမမှာရောက်ယက်ခတ်နေတော့တာ။

သူမကသာ ထိုကဲ့သို့တစ်ဖက်သတ်အဖြစ်သည်းနေခဲ့ပေမယ့် ကိုလူချောကတော့ သူမကိုတစ်ချက်တောင် အဖက်လုပ်ခြင်းမရှိခဲ့။ ငဲ့ကြည့်ဖို့ဆိုတာ ဝေးလာဝေး။

ထိုအေးတိအေးစက်နဲ့ ခပ်ချေချေစတိုင်းလေးကိုပဲ သူမမှာရင်ခုန်နေပြန်တော့...

ကျောင်းလည်းမတူ၊ဘော်ဒါဆောင်လည်းမတူဘဲ ရရပူဆာတာနဲ့ချက်ချင်းရောက်လာတတ်ပြီး ရရနေမကောင်းဖြစ်သည့်အချိန်တွေတိုင်းလည်း ရရအနားမှာ အမြဲရှိနေပေးတတ်သည့်သူ။

သူမတို့အဆောင်မှူးကစည်းကမ်းတင်းကြပ်ပေမယ့် ကောင်းမြတ်ရှင်းသန့်ကိုတော့မနိုင်လို့လွှတ်ထားပေးရသည်အထိကို သူကအကဲပိုလွန်းသည်။ ထိုလူသားသည် သူမအပါအဝင် ဘယ်သူ့ကိုမှဂရုမစိုက်တတ်ပေမယ့် သူ့သူငယ်ချင်းထာဝရ​မေကိုတော့ ပျာယာနေအောင်ကိုဂရုစိုက်ပါ၏။

သူမလည်း တစ်ခါတစ်လေတော့ ရရလိုဂရုစိုက်ခံချင်မိသား။ အဲ့လိုသာဆို သော်တာတို့ကအပျော်လွန်ပြီး​သေသွားမလားပဲ။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now