String that bands with heart
အပိုင်း (၂၈)ခုဆို တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်ဖို့ တစ်လလောက်သာလိုတော့သည်။ ရရနဲ့သူနဲ့အခြေအနေက ခုချိန်ထိမပြောင်းလဲသေး။ သူမလေးကခုချိန်ထိ သူ့ကိုဆိုးမြဲဆိုးဆဲ အနိုင်ယူနေဆဲပင်။
ဒေါက်တာနိုင်ငံခြားကိုထွက်သွားတာ တစ်လကျော်နေပြီ။ သို့တိုင်အောင် လူကြီးတွေစီစဥ်ထားတဲ့ကိစ္စကိုမငြင်းတဲ့အကြောင်းပြချက်နဲ့ သူမကသူ့ကိုစကားကောင်းကောင်းမပြောသလို သူ,မကြိုက်တာတွေသာရွေးလုပ်ပြီးအရွဲ့တိုက်ပြသည်။ မနေနိုင်တဲ့သူကပဲ လူကြမ်းကြီးဖြစ်ကာ သူမအတွက် ဗီလိန်ဖြစ်မှန်းမသိဖြစ်နေတော့သည်။
အရမ်းဆိုးတဲ့ကောင်မလေး။ ချစ်နေတော့လည်း အရာရာအကုန်သူမသဘောချည်းသာ။
ခုလည်း ကားမောင်းနေရင်းက ဘေးကနေထိုင်လိုက်လာသောသူမကိုအရိပ်တကြည့်ကြည့်။ ကျောင်းက Night Party.ရှိတာမို့ အတူတွဲလာကြသည့်တိုင် သူမလေးကသူ့ကိုစကားမပြော။
အရင်နှစ်ဘွဲ့ရသွားတဲ့အစ်ကိုအစ်မတွေအတွက် ဆုပေးအပ်ပွဲဘွဲ့သဘင်အခန်းအနားက မနေ့ကပြီးသည်။ ထို့ကြောင့် ထိုစီနီယာအစ်ကိုအစ်မတွေအတွက် ဂုဏ်ပြုပွဲနဲ့နှုတ်ဆက်ပွဲအခမ်းအနားကို တက္ကသိုလ်ထဲတွင်သာ Night Party.သဘောဖြင့် ကျင်းပသည်။ နောက်ဆုံးနှစ်ကျောင်းသားတွေပါတက်ပေးရ၏။ အစ်ကိုအစ်မတွေကို ဂုဏ်ပြုလေးစားတဲ့သဘော။
ECက သူတို့ကိုလွန်ခဲ့တဲ့တစ်ပါတ်လောက်ကတည်းကဆက်သွယ်လာသည်။ ပါတီဖိတ်စာလည်းကိုယ်တိုင်လာပေး၏။
ရရက သူ့ကားပေါ်ကျောက်ရုပ်လေးလို ငြိမ်သက်စွာထိုင်ရင်း မျက်နှာတည်တည်လေးနဲ့ လိုက်ပါလာသည်။ အိမ်ကလူကြီးတွေက သူ,မပါရင်မလွှတ်တာမို့ မလွှဲသာမရှောင်သာပဲ သူနဲ့အတူလိုက်လာရတာ။ မဟုတ်ရင် သူမက သူ့ကိုအဖက်တောင်လုပ်မည်မထင်။
ခရမ်းရောင်ဂါဝန်ရှည်လေးနဲ့ အလှကြီးလှနေသော ချစ်ရသူလေးကိုကြည့်ကာ သူ့မှာ အချစ်လည်းပိုရ၊ စိတ်လည်းမချနိုင်နဲ့ ကားကိုဖြောင့်အောင်တောင်မမောင်းနိုင်တော့။ မှိန်ပြပြကားရှေ့ခန်းမီးရောင်အောက် သူ့ရင်ခုန်သံတွေလည်းထင်တိုင်းကြဲ။
YOU ARE READING
နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
Romance"နင်သူနဲ့တွဲတာ သုံးရက်တောင်မပြည့်သေးဘူးလေ..." အဲ့ဒါဘာဖြစ်လဲ? ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့... ငါက ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကများ တစ်ပတ်ထက်ပိုတွဲဖူးလို့လဲ... ဒီမှာမောင် ရည်းစားဆိုတာ ပီကေလိုပဲ... စားခါစကချိုတယ်၊ ကြာလာရင်တော့ အချိုပေါ့ပြီးအရသာမရှိ...