String that bands with heart
အပိုင်း(၃၃)သူနိုးလာတော့ သူ့ဘေးနားတွင် ရရမရှိတော့...။
အချိန်ကနံနက်ဆယ်နာရီပင်ရှိပြီဖြစ်သည်။
ညကဉာဥ့်နက်တာကတစ်ကြောင်း၊ ချစ်ရသူကိုရင်ခွင်ထဲထည့်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခွင့်ရတာကတစ်ကြောင်းမို့ သူအတော်အိပ်ပျော်သွားခဲ့သည်။ကုတင်ဘေးနားကျနေသောညဝတ်အင်္ကျီကို ကောက်ဝတ်လိုက်ရင်း ရေချိုးခန်းထဲအမြန်ဝင်ကာ ကိုယ်လက်သန့်စင်၍ မျက်နှာသစ်သွားတိုက်ရသည်။ တစ်ညလုံးသူ့ကိုကျောခိုင်း၍အိပ်စက်ပါသောချစ်ရသူလေးက သူ့ကိုအတော်စိတ်ဆိုးသွားပုံပါ။
သူထိန်းချုပ်နေပေမယ့် သူမကသူ့အပိုင်ဆိုသောအသိစိတ်က သူ့ကိုထိန်းချုပ်နိုင်စွမ်းမဲ့စေကာ သတိကင်းလွတ်စေခဲ့သည်။ ထို့ကြောင့်လည်း သူမအပေါ်စိတ်ရှိတိုင်း ထင်တိုင်းကြဲမိ၏။
သူမငြင်းဆန်နေသည့်ကြားမှ အတင်းရယူကာ သူမရဲ့မျက်ရည်တွေကို ပထမဦးဆုံးအကြိမ်လစ်လျူရှု့ပစ်ခဲ့မိသည်။ သွေးသားဆန္ဒထက် ကိုယ်ချစ်ရသူကိုပိုင်ဆိုင်ရယူချင်ကြတာက ဓမ္မတာပဲမဟုတ်လား?
နောက်ပြီး သူမကသူတရားဝင်လက်ထပ်ယူထားတဲ့ဇနီး...
ဖြစ်သင့်သည်ပဲမဟုတ်လား?ချစ်လွန်းလို့အလှကြည့်နေချင်ပေမယ့် အလှမကြည့်ရက်နိုင်လောက်အောင် သူမလေးကအရမ်းကိုအသဲယားစရာကောင်းနေခဲ့သည်လေ။ ထို့ကြောင့်ပဲ ညက သူထိုကောင်မလေးအပေါ် ဆိုးခဲ့မိပါ၏။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
သူအောက်ထပ်ဆင်းလာသည်နှင့် ဧည့်ခန်းထဲမှာကြက်မွှေးတစ်ချောင်းနဲ့အလုပ်ရှုပ်နေသောမိပုကို တန်းတွေ့သည်။ မာမီတို့ကအိမ်အကူကောင်မလေးတွေကို အစောကြီးလွှတ်လိုက်တာဖြစ်မည်။"မိပု ခဏလာဦး..."
"ရှင်... ဟုတ်ကဲ့ကိုလေး..."
သူခေါ်တော့ မိပုကသန့်ရှင်းရေးလုပ်နေရာမှ ကြက်မွေးလေးချကာ အနားလာရပ်သည်။
"နင်တို့မမလေးရော..."
"မမလေးကအစ်ကိုလေးနဲ့အတူ အိပ်နေတာမဟုတ်ဘူးလား.... မိပုတို့ရောက်လာကတည်းက မမလေးကိုမတွေ့မိသေးဘူး..."
YOU ARE READING
နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
Romance"နင်သူနဲ့တွဲတာ သုံးရက်တောင်မပြည့်သေးဘူးလေ..." အဲ့ဒါဘာဖြစ်လဲ? ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့... ငါက ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကများ တစ်ပတ်ထက်ပိုတွဲဖူးလို့လဲ... ဒီမှာမောင် ရည်းစားဆိုတာ ပီကေလိုပဲ... စားခါစကချိုတယ်၊ ကြာလာရင်တော့ အချိုပေါ့ပြီးအရသာမရှိ...