String that bands with heart
အပိုင်း (၃၆)မူးနောက်ရီဝေနေသောခေါင်းကြောင့် နိုးနေပေမယ့်မထနိုင်သေးဘဲ ဆက်အိပ်နေဖြစ်သည်။ ကြားနေရတဲ့စကားပြောသံတွေက သူ့စိတ်အာရုံထဲ နီးလာလိုက်၊ဝေးသွားလိုက်...
"အင်းတီမေ... မနိုးသေးဘူး... သူနိုးမှဆေးတိုက်ရမှာ... ကိုယ်တွေပူပြီးဖျားနေပြီ..."
"........"
"ဆရာဝန်ကပြန်သွားပြီ... ဆေးပေးသွားတယ်... စိတ်ပင်ပမ်းလို့ဖြစ်သွားတာတဲ့... ရရအထင် အလုပ်ပိသွားတာနေမယ်..."
".........."
"ဟုတ် ရရသေချာဂရုစိုက်လိုက်ပါ့မယ်..."
ခဏအကြာ သူ့နှဖူးကိုထိတွေ့လာတဲ့လက်ဖဝါးလေးတစ်ဖက်...
နူးညံ့ညင်သာပေမယ့် သူထမကြည့်နိုင်တော့ဘူး...
အရင်လို ပြန်ထွေးဆုပ်ကိုင်ဖို့ဆိုဝေးစွ...နိမ့်လိုက်မြင့်လိုက်ရောင်စုံကြိုးတန်းလေးတွေနောက်သူပြေးလိုက်ရင်း အမြင်အာရုံတွေက ဝေဝါးနေလေသည်။
ဝိုးတစ်ဝါးမြင်နေရတဲ့ပုံရိပ်ယောင်လေး...။ ပန်းနုရောင်လွှမ်းခြုံထားတဲ့ထိုရက်ဝန်းလေးက မျက်စိရှေ့ကတဖြေးဖြေးပျောက်ကွယ်သွားသည်။
ပင်ပမ်းနွမ်းနယ်နေကာ အားလျော့နုန်းချိသလိုဖြစ်လာသည်။ လိုက်လေ ဝေးလေနဲ့ မီတော့မလိုဖြစ်သွားပြီးမှ ပိုဝေးကွာသွား၏။ သူမောဟိုက်စွာလဲချပစ်လိုက်တော့ အားလုံးပျောက်ကွယ်သွားပြန်၏။ သူ့စိတ်ထဲမှောင်အတိ....
ထို့နောက်တွင်တော့ သူပြန်ပြီးအိပ်ပျော်သွားသည်ထင်သည်။
°•°•°•°•°•°•°•°•°•°•°•°•
"မောင်... ခဏထဦး! ဆေးသောက်ရမယ်..."နားထဲဝင်လာတဲ့အသံဆတ်ဆတ်လေး...
သူ့ကိုထခိုင်းနေတာသိသည်။ သို့သာ် သူ,မလှုပ်ချင်။ မျက်လုံးဖွင့်ဖို့တောင် အတင်းအားယူကြိုးစားနေရသည်။ ခြစ်ခြစ်တောက်ပူနေတဲ့ကိုယ်အပူရှိန်က မျက်လုံးမှိတ်ထားတာတောင်ခံစားမိနေသည်အထိ။အင်အားမရှိသလိုမောပန်းနွမ်းနယ်နေကာ တစ်ကိုယ်လုံးလည်းကိုက်ခဲနေသည်။ လည်ချောင်းထဲပူစပ်ပူလောင်ဖြစ်နေကာ နှာခေါင်းဝကရှူသွင်းရှူထုတ်နေသောလေကအစ ပူရှိန်းနေ၏။
YOU ARE READING
နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
Romance"နင်သူနဲ့တွဲတာ သုံးရက်တောင်မပြည့်သေးဘူးလေ..." အဲ့ဒါဘာဖြစ်လဲ? ငါ့အကြောင်းလည်း နင်သိရဲ့သားနဲ့... ငါက ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကများ တစ်ပတ်ထက်ပိုတွဲဖူးလို့လဲ... ဒီမှာမောင် ရည်းစားဆိုတာ ပီကေလိုပဲ... စားခါစကချိုတယ်၊ ကြာလာရင်တော့ အချိုပေါ့ပြီးအရသာမရှိ...